သပိတ်မှောက်ကျောင်းသားတွေကို ဆန္ဒပြခွင့်တင်ဖို့ ညွှန်ကြား

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ မန္တလေးမြို့ကနေချီတက် လမ်းလျှောက်လာတဲ့ ကျောင်းသား ကျောင်းသူတစ်ရာကျော်ဟာ ကျောက်ဆည်မြို့ကနေ ဒီနေ့ထွက်အလာမှာ မန္တလေး တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက ဆန္ဒပြခွင့်တင်ဖို့ လာရောက်ပြောကြား ခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်း သားတွေဟာ မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဇန်နဝါရီ ၂၀ ရက်နေ့က စတင်လမ်းလျှောက် ဆန္ဒပြကြစဉ်။ Photo: Nay Thwae/RFA

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ မန္တလေးမြို့ကနေချီတက်လမ်းလျှောက်လာတဲ့ ကျောင်း သား ကျောင်းသူတစ်ရာကျော်ဟာ ကျောက်ဆည်မြို့ ကနေ ဒီနေ့ထွက်အလာမှာ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက ဆန္ဒပြခွင့်တင်ဖို့ လာရောက်ပြောကြားခဲ့ပါတယ်။

ဥပဒေကို ဘယ်အဖွဲ့အစည်းကမဆို လိုက်နာရမှာဖြစ်ပြီး ဥပဒေကိုချိုးဖောက်ရင် အရေးယူခံရမှာဖြစ်တယ်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

"ဥပဒေဆိုတဲ့ဥစ္စာက နေရာတစ်နေရာ၊ ဒေသတစ်ခု၊ တိုင်းတစ်တိုင်း၊ တစ်ပြည်နယ်အတွက် မဟုတ်ဘူး၊ ဥပဒေဆိုတာ တစ်နိုင်ငံလုံးမှာနေထိုင်တဲ့သူတွေ လိုက်နာဖို့ထုတ်တာပဲ၊ အဲ့ထုတ်ထားတာကို လိုက်နာ တဲ့သူတွေလည်း ရှိသလို၊ မလိုက်နာတဲ့လူတွေက လည်း ရှိနေမှာပဲဖြစ်ပါတယ်၊ အဲ့တော့ ကိုယ်တို့ကတော့ ဒီဥပဒေကို အကောင်အထည်ဖော်ပြီးတော့ ဆောင် ရွက်နေကြတဲ့သူတွေ ဖြစ်နေတဲ့အတွက်ကြောင့် သတ်မှတ်ထားတဲ့ဥပဒေ ချိုးဖောက်တယ်ဆိုလို့ရှိရင် ချိုးဖောက် တဲ့လူတွေက ပြစ်ဒဏ်အတိုင်း သွားကြရမှာဖြစ်ပါတယ်"

ဆန္ဒပြကျောင်းသား ကျောင်းသူ ၁၀၀ ကျော်ကတော့ ခွင့်ပြုချက်မတင်ဘဲ မြစ်သားမြို့ကို ဆက်လက် လမ်းလျှောက်ခဲ့ကြပါတယ်။

အဲဒီ ဆန္ဒပြကျောင်းသား ကျောင်းသူတွေကို ကျောက်ဆည်တက္ကသိုလ်ပါမောက္ခချုပ်နဲ့ ရူပဗေဒဌာန ကထိကတို့ကလည်း ထောက်ခံအားပေးခဲ့ပါတယ်။

ဒါ့အပြင် ကျောက်ဆည် နည်းပညာတက္ကသိုလ်က ကျောင်းသား ကျောင်းသူ ၅၀ ကျော်က ဆန္ဒပြကျောင်း သားတွေနဲ့အတူ မြစ်သားမြို့အထိ လိုက်လံဆန္ဒပြခဲ့ပါတယ်။ဆန္ဒပြသူတွေဟာ မြစ်သားမြို့မှာ ဒီနေ့ ညအိပ်နား မှာဖြစ်ပြီး မနက်ဖြန်မှာ နွားထိုးကြီးမြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org