ရေကြောင်းရဲတပ်ဖွဲ့ရုံး တည်ဆောက်မယ့်နေရာ နေသူတွေကို အင်အားသုံးဖယ်ရှား

မန္တလေးတိုင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲရုံး တည်ဆောက်မယ့် ကမ်းနားလမ်း ပေါ်တော်မူဘုရားအနီး နေထိုင်သူတွေကို ရေကြောင်းရဲတပ်ဖွဲ့က ဒီနေ့မနက်မှာ အင်အားသုံးဝင်ရောက်ဖယ်ရှားပြီး ၆ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

မန္တလေးတိုင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲရုံး တည်ဆောက်မယ့်နေရာကို ရေကြောင်းရဲတပ်ဖွဲ့ ၂၀၁၈၊ နိုဝင်ဘာ ၁၀ ရက်နေ့က ဝင်ရောက်ဖယ်ရှားစဉ် Photo: Khaymani Win/ RFA

မန္တလေးတိုင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲရုံး တည်ဆောက်မယ့် ကမ်းနားလမ်း ပေါ်တော်မူဘုရားအနီး နေထိုင်သူတွေကို ရေကြောင်းရဲတပ်ဖွဲ့က ဒီနေ့မနက်မှာ အင်အားသုံးဝင်ရောက်ဖယ်ရှားပြီး ၆ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

လူ ၆ ဦးကို မန္တလေး အမှတ် (၇) ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်ပေမယ့် ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ RFA ကို ပြောကြားမရှိပါဘူး။

ဒါပေမဲ့ သူတို့ကို အမှုဖွင့်အရေးယူသွားမှာဖြစ်ကြောင်း မန္တလေးတိုင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲ ဒုတိယရဲမှူးကြီး အောင်ဇော်မြင့်က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေ နေထိုင်နေတဲ့ နေရာကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ထဲက ရေကြောင်းရဲတပ်ဖွဲ့ရုံး အဆောက်အအုံ တည်ဆောက်ခွင့် ရရှိထားပြီး အဲ့ဒီမှာနေထိုင်သူတွေကို ပြောင်းရွှေ့ကြဖို့ ရဲတပ်ဖွဲ့က အသိပေးခဲ့ပါတယ်။

ဒါပေမဲ့ နေထိုင်သူတွေက မပြောင်းရွှေ့ကြတာကြောင့် ၂၀၁၆ ခုနှစ်နှစ်ဆန်းကစပြီး နေထိုင်သူတွေနဲ့ သူတို့ကို ကူညီပေးခဲ့သူတွေကို ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုနဲ့ ရေကြောင်းရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပါတယ်။

တရားလိုဘက်က တင်ပြတဲ့ သက်သေခိုင်လုံမှု မရှိတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ပိုင်းမှာ ရဲတပ်ဖွဲ့က တရားစွဲထားတာကို တရားရုံးက တရားသေလွှတ်ပေးခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org