ပြည်သူ့ပါတီတိုင်းရုံးဖွင့်ပွဲမှာ တိုင်စာ ၅ စောင် လက်ခံ
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီရုံးခန်း စတင်ဖွင့်လှစ်တဲ့နေ့မှာပဲ အလုပ်သမားအရေး၊ မြေယာအရေးနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ ၅ စောင် လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
-
2019-01-13 -
-
-
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီရုံးခန်း စတင်ဖွင့်လှစ်တဲ့ အခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီရုံးခန်း စတင်ဖွင့်လှစ်တဲ့နေ့မှာပဲ အလုပ်သမားအရေး၊ မြေယာအရေးနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ ၅ စောင် လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲကို ဒီနေ့ ချမ်းအေးသာစံမြို့နယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းပါတီရုံးခန်းကို မနေ့က မုံရွာမြို့မှာ ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ယုဇနတာဝါမှာ ပါတီရုံးချုပ်ကို ဖွင့်လှစ်ထားပါတယ်။
ပါတီအနေနဲ့ လတ်တလောမှာ ပါတီဝင်အင်အားကို ထုတ်ပြန်ဖို့ အစီအစဉ်မရှိသေးကြောင်းနဲ့ သင့်တော်တဲ့အချိန်မှာ ထုတ်ပြန်သွားမှာဖြစ်ကြောင်း ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင် က ပြောပါတယ်။
ပြည်သူ့ပါတီဟာ ပြည်ထောင်စုတဝန်းလုံးကို ကိုယ်စားပြုပြီး တည်ထောင်ခွင့်ရရှိထားတဲ့ ပါတီဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာဖြစ်ပါတယ်။