ရခိုင်အရေးဆန္ဒပြပွဲ မန္တလေးတိုင်းအစိုးရ ခွင့်မပြု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားမယ့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို မန္တလေးတိုင်းအစိုးရက အများပြည်သူကို LED ဘုတ်ထောင်ပြီး ပြသမယ့် မနော်ရမ္မံကွင်းမှာ လူတစ်စုက ရခိုင်ပြည်နယ် အရေး ဆန္ဒပြခွင့် တောင်းခံထားတာကို တိုင်းအစိုးရက ခွင့်မပြုထားဘူးလို့ သိရပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေကို စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ တွေ့ရစဉ် Photo: Htet Arkar/RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားမယ့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို မန္တလေးတိုင်းအစိုးရက အများပြည်သူ ကို LED ဘုတ်ထောင်ပြီး ပြသမယ့် မနော်ရမ္မံကွင်းမှာ လူတစုက ရခိုင်ပြည်နယ်အရေး ဆန္ဒပြခွင့် တောင်းခံထား တာကို တိုင်းအစိုးရက ခွင့်မပြုထားဘူးလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့် မနက် ၁၀ နာရီအချိန်ကိုပဲ LED ဘုတ်နဲ့ပြသမယ့် မနော်ရမ္မံကွင်းမှာ ဆန္ဒပြခွင့် တောင်းခံလာတဲ့အတွက် ခွင့်မပြုထားဘူးလို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။

"မနော်ရမ္မံကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် မနက်ဖြန်မိန့်ခွန်းပြောမယ့် ၁၀ နာရီမှာ LED ဘုတ်နဲ့ ဖွင့်ပြ မယ့်နေရာကို လူတစ်ဖွဲ့က ဆန္ဒဖော်ထုတ်ဖို့တောင်းတာ ဖော်ထုတ်ပွဲက ဘင်္ဂလီအကြမ်းဖက်တွေကို ရှုံချတဲ့ပွဲပါ၊ ဒါပေမဲ့ နေရာတိုက်နေတာ ဒါက နိုင်ငံတော်အစိုးရက လုပ်တဲ့ပွဲဆိုတော့ သူတို့ တင်ပြတောင်း ဆိုတဲ့နေရာကို ခွင့်မပြုဘူးပေါ့"

မနက်ဖြန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို နိုင်ငံပိုင် ရုပ်သံမီဒီယာတွေ၊ ရေဒီယိုနဲ့ FMလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်သလို တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေကလည်း လူစည်ကားတဲ့ မြို့လယ်ခေါင်တွေမှာ LED ဘုတ်တွေနဲ့ တိုက်ရိုက်ပြသမှာဖြစ်ပါတယ်။

လူတစုက ဆန္ဒပြဖို့ တင်ပြတောင်းခံလာတာဖြစ်ပြီး ဆန္ဒပြဟောပြောပွဲမှာ ဆရာတော်ဦးဝီရသူ ပါ မပါကိုတော့ မသိရှိရဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်ခံရမှု ကန့်ကွက်ဟောပြောပွဲတွေကို ဆရာတော်ဦးဝီရသူ အပါအဝင် မျိုးချစ်အဖွဲ့တွေက ရန်ကုန်မြို့နဲ့ ဘားအံမြို့တို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ပြုလုပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org