စာရေးဆရာ မောင်သွေးချွန် အဖမ်းခံ
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ စာရေးဆရာ မောင်သွေးချွန်ဟာ ဒီကနေ့ မနက်ပိုင်းမှာ မင်းကင်းမြို့နယ် ရဲစခန်းမှာ လာရောက်အဖမ်းခံတယ်လို့ သိရပါတယ်။
-
2018-06-25 -
-
-
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ စာရေးဆရာ မောင်သွေးချွန်ဟာ ဒီကနေ့ မနက်ပိုင်းမှာ မင်းကင်းမြို့နယ် ရဲစခန်းမှာ လာရောက်အဖမ်းခံတယ်လို့ သိရပါတယ်။
ဒီနေ့မနက်မှာပဲ မင်းကင်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး ဇူလိုင်လ ၃ ရက်နေ့ကို ရုံးချိန်း ချိန်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က မင်းကင်းမြို့နယ်မှာ ကျင်းပတဲ့ တရားပွဲမှာ ဟောပြောခဲ့တဲ့အချက်တွေဟာ နိုင်ငံတော်အကြည်ညိုပျက်စေတယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တရားလိုလုပ်ပြီး တရားစွဲတာဖြစ်ပါတယ်။
လွှတ်တော်နှစ်ခုစလုံးက ဥက္ကဋ္ဌတွေဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ပိုပြီးလေးလေးနက်နက် စောင့်ရှောက်ဖို့လိုအပ်ပြီး မျိုးစောင့်ဥပဒေတွေအတွက် စိုးရိမ်လို့ ဟောပြောတာဖြစ်ကြောင်း အခုလို တရားစွဲဆိုတာဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိပါးတာဖြစ်ကြောင်း မောင်သွေးချွန်က မေလကုန်လောက် က RFA က ဆက်သွယ်မေးမြန်းရာမှာ ပြောခဲ့ပါတယ်။