မောင်တောဒေသ ပျက်စီးဆုံးရှုံးမှု အခြေအနေ စာရင်းကောက်ယူ

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရံှုးသွားတဲ့ အိမ်ခြေတွေနဲ့ တခြားပျက်စီးမှုတွေကို မနေ့ကစပြီး စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။

မောင်တောမြို့ ကညင်တန်းရပ်ကွက်က မီးလောင်ထားတဲ့အိမ်တစ်လုံးကို ၂၀၁၇ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ် Photo: Thiha Tun/RFA

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရံှုးသွားတဲ့ အိမ်ခြေတွေနဲ့ တခြားပျက်စီးမှုတွေကို မနေ့ကစပြီး စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။

ဘူးသီးတောင်နဲ့ မောင်တော နှစ်မြို့နယ်ပေါင်းက ကျေးရွာတွေမှာ စတင်ကောက်ယူနေတာလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် က ပြောပါတယ်။

"ဘူးသီးတောင်နဲ့ မောင်တော ၂ မြို့နယ်ပေါင်း ထောင်ဂဏန်းရှိပါတယ်၊ မနေ့ကစပြီး ကောက်ခံနေတာ ရှိပါတယ်၊ ကျေးရွာပေါင်းထောင်နဲ့ချီတဲ့အထဲမှာ မနေ့ကစကောက်တာပေါ့"

တစ်ဖွဲ့မှာ ၈ ယောက်စီနဲ့ အဖွဲ့ ၅ ဖွဲ့ခွဲကာ ကောက်ယူနေပြီး အဲဒီအဖွဲ့တွေကို အစိုးရဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ အဖွဲ့ ၁ နဲ့ ၂ တို့ စတင်ကောက်ယူနေပြီဖြစ်ပြီး အဖွဲ့ ၁ က မောင်တောမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာ တချို့မှာ ကောက်ယူနေသလို အဖွဲ့ ၂ က မောင်တော တောင်ပိုင်းကျေးရွာတွေကို ကောက်ယူနေတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် နေအိမ်တွေ၊ ပစ္စည်းတွေ၊ တိရစ္ဆာန်တွေ၊ စိုက်ပျိုးမြေတွေ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေရဲ့ ပျက်စီးဆုံးရံှုးမှု အခြေအနေတွေကို မူလရှိထားတဲ့ စာရင်းတွေနဲ့ တိုက်ပြီး စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။

စာရင်းကောက်ယူချိန်ကို အနည်းဆုံး တစ်လလောက် ခန့်မှန်းထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org