ကုလ အထူးကိုယ်စားလှယ် မြေပုံ မြို့ကို ဆိုက်ရောက်
ရခိုင်ပြည်နယ်မှာရောက်ရှိနေတဲ့ ကုလ သမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Mr. V.J. Nambiar ဟာ ဒီကနေ့ မြေပုံမြို့ကို ဆိုက်ရောက်သွားပြီး မြို့နယ်ရုံးမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
-
2014-08-24 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်မှာရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. V.J. Nambiar ဟာ ဒီကနေ့ မြေပုံမြို့ကို ဆိုက်ရောက်သွားပြီး မြို့နယ်ရုံးမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
Mr. Nambiar နဲ့ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ပြည်နယ်လျှပ်စစ် ဝန်ကြီး ဦးအောင်သန်းတင်တို့ အဖွဲ့ဟာ နံနက် ၁၀ နာရီလောက်မှာ မြို့နယ်တာဝန်ရှိသူတွေ၊ ဒေသခံတွေ နဲ့ တွေ့ဆုံပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကြား ရှေ့ဆက်အတူတကွ ယှဉ်တွဲနေ ထိုင်နိုင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဒီခရီးစဉ်မှာလိုက်ပါသွားတဲ့ မြေပုံမြို့နယ် မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။
အဲ့ဒီနောက် သူဟာ မြေပုံမြို့အနီးက ဒုက္ခသည်စခန်းကိုသွားရောက်ခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
Mr. Nambiar ရဲ့ မြေပုံမြို့ ခရီးစဉ်အကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို ဆက်သွယ်မေးမြန်းထား တာ နားဆင်နိုင်ပါတယ်။