မန္တလေးမြို့ အေးချမ်းရေး ပါဝင်ကူညီဖို့ နိုင်ငံရေး ပါတီများအား တိုက်တွန်း

မန္တလေးမြို့အခြေစိုက် နိုင်ငံရေးပါတီတွေ အနေနဲ့ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းပါဝင်ကူညီပေးကြဖို့ မန္တလေးတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တာဝန်ရှိ သူတွေကို မနေ့က ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့ကြောင်း သိရပါတယ်။

အထက်မြန်မာနိုင်ငံ၊ မန္တလေးမြို့၏ စီးပွားရေး အချက်အချာ တစ်ခုဖြစ်သော ဈေးချိုနှင့် နာရီစင် မြင်ကွင်းကို တွေ့ရစဉ် Photo: AFP

မန္တလေးမြို့အခြေစိုက် နိုင်ငံရေးပါတီတွေအနေနဲ့ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ပါဝင်ကူညီပေးကြဖို့ မန္တလေးတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တာဝန်ရှိသူတွေကို မနေ့က ခေါ်ယူတွေ့ ဆုံ ပြောကြားခဲ့ကြောင်း သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်နဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက အခု လို ပြောပါတယ်။

"အဓိကတော့ မန္တလေးမြို့မှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး ပါတီတွေကည်း အကြံအဉာဏ်ပေးတာတို့ ဝိုင်းထိန်း တာတို့ လုပ်ပေးဖို့ပေါ့၊ အထူးသဖြင့်တော့ ကောလာ ဟလကြောင့်မို့လို့ ပြဿနာပိုမို မကြီးထွားအောင် သူ့ အဖွဲ့အစည်း အောက်ခြေအဆင့်အထိ အခြေနေမှန်လေးရှင်းပြပေးဖို့ ဆိုပြီးတော့ ပြောတာပါ၊ ကျနော်တို့က လည်း ပြောတယ်ဗျာ ဖြစ်ရပ်မှန်က အချိန်နဲ့ တပြေးညီ တကယ်တမ်း ထုတ်ပြန်နိုင်တယ်၊ အသိပေးနိုင်တယ် ဆိုလို့ရင်တော့ ဒါတွေက သံသယလျော့နိုင်တာပေါ့ဗျာ"

ဒါ့အပြင် ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေကလည်း မန္တလေးမြို့ တည်ငြိမ်အေးချမ်းတဲ့အထိ လုံခြုံရေး အင်အားတွေကို မလျော့ချဖို့၊ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန်ထားဖို့၊ တိုင်းဒေသကြီး အစိုးရ အနေနဲ့ အချိန်နဲ့ တစ်ပြေးညီ သတင်းထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်း အကြံပြုခဲ့တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်နဲ့ မနေ့က တွေ့ဆုံဆွေးနွေးရာမှာ မန္တလေးမြို့အခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီ ၁၁ ပါတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး မြို့နယ် ၆ မြို့နယ်မှာ ည ၉နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းကစပြီး တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org