ကျောင်းသား ပင်မသပိတ် စစ်ကြောင်း ၁ဝ ရက်ကြာ ရပ်နား
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ကို ရောက်ရှိနေ တဲ့ ပညာရေးဥပဒေ သပိတ်မှောက်စစ်ကြောင်းဟာ သပိတ်ကို ဒီလ၂၆ ရက်နေ့ အထိ ယာယီရပ်နား လိုက်ပါတယ်။
-
2015-02-18 -
-
-
Your browser doesn’t support HTML5 audio
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ကို ရောက်ရှိနေတဲ့ ပညာရေးဥပဒေ သပိတ်မှောက် စစ်ကြောင်းဟာ သပိတ် ကို ဒီလ၂၆ ရက်နေ့အထိ ယာယီရပ်နားလိုက် ပါတယ်။
မနက်ဖြန်ကစပြီး အခြေခံပညာကျောင်းတွေမှာ စာမေး ပွဲဖြေဆိုကြမှာဖြစ်တာကြောင့် စာမေးပွဲပြီးမယ့် ဒီလ ၂၆ ရက်နေ့အထိ လက်ပံတန်းမြို့မှာသပိတ်ကို ရပ်နားထား မှာဖြစ်တယ်လို့ သပိတ်မှောက် ကျောင်း သားခေါင်းဆောင် ကိုမင်းသွေးသစ် က ပြောပါတယ်။
"ကျနော်တို့ဆုံးဖြတ်ချက်က မူလတန်း၊ အလယ် တန်းတွေ စာမေးပွဲဖြေနေတဲ့ ကာလအတွင်းမှာ ဒီကလေးတွေ အနှောင့်အယှက်အဟန့်အတား မဖြစ်အောင်၊ မိဘတွေစိတ်ပူနေတာတွေလည်း မဖြစ်အောင် ကျနော်တို့ရောက်နေတဲ့ လက်ပံတန်းမြို့ မှာပဲသပိတ်ထိုင်မယ်၊ စာမေးပွဲတွေပြီးသွားတဲ့ အချိန်မှာ ကျနော်တို့ရန်ကုန်ကို ဆက် ချီတက်မယ်ပေါ့၊ ဒီကာလ အတွင်းမှာပဲ လွှတ်တော်ကိုကျနော် တို့ ကြေညာချက်ထုတ်ပြီးတော့ ကျနော်တို့ အမျိုးသား ပညာရေးပြန် လည်ပြင်ဆင်ရေးဥပဒေ မူကြမ်းကိစ္စကို အမြန်ဆုံးလွှတ်တော်မှာ အတည်ပြုပြဌာန်းပေးဖို့ ကျနော်တို့တောင်း ဆိုချက်ပို့မယ်"
ဧရာဝတီ၊ ထားဝယ်၊ မော်လမြိုင်၊ ပခုက္ကူ နဲ့ မုံရွာ သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေကလည်း သပိတ်တွေ ကို ဒီလ ၁၆ ရက်နေ့က ယာယီရပ်နားထားပါတယ်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းထံ မနေ့ကပေးအပ်လိုက်ပြီး ဖြစ်ပါတယ်။
သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရဲရင့်ကျော်ကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေနဲ့ သွားရောက်ညှိနှိုင်းဆွေးနွေးရာမှာ ပါဝင်တဲ့ ၁၉၉၆၊ ၉၈ ကျောင်း သား ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ NNER အဖွဲ့ဝင်တစ်ဦး လည်းဖြစ်တဲ့ ကိုစိုးထွန်းကို RFA ဝိုင်းတော်သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။