တိုင်းအစိုးရ ကြေညာချက်ကြောင့် မိုးကြိုးပြင် ဒေသခံတွေရဲ့ သပိတ်စခန်း ရုပ်သိမ်း

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းထံ ပို့ဆောင်နေ တဲ့ ကျောက်သယ်ယာဉ်တွေကို ပုသိမ်-မုံရွာ ကားလမ်းပေါ် ကနေ မဖြတ်သန်းဖို့နဲ့ ဆားလင်းကြီးမြို့နယ် က ကျောက် ထုတ်စခန်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက် တဲ့အတွက် မိုးကြိုးပြင်ကျေးရွာ က ဒေသခံတောင်သူတွေရဲ့ သပိတ်စခန်းကို ဒီကနေ့ ရုပ်သိမ်းလိုက်ပါတယ်။

မိုးကြိုးပြင်ကျေးရွာက ဒေသခံတောင်သူတွေရဲ့ သပိတ်စခန်းကို မတ်လ ၂၆ ရက်နေ့က တွေ့ရစဉ် Photo: Hset Paing Toe/ RFA

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းထံ ပို့ဆောင်နေတဲ့ ကျောက်သယ် ယာဉ်တွေကို ပုသိမ်-မုံရွာ ကားလမ်းပေါ်ကနေ မဖြတ်သန်းဖို့နဲ့ ဆားလင်းကြီးမြို့နယ်က ကျောက်ထုတ်စခန်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်တဲ့အတွက် မိုးကြိုးပြင်ကျေးရွာ က ဒေသခံတောင်သူတွေရဲ့ သပိတ်စခန်းကို ဒီကနေ့ ရုပ်သိမ်းလိုက်ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာသိန်းနိုင် က မိုးကြိုးပြင်ကျေးရွာက သပိတ်စခန်းထံ လာရောက်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ကျောက်သယ်ယာဉ်တွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တားမြစ်လိုက်တာဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင် က ပြောပါတယ်။

တိုင်းအစိုးရရဲ့ တရားဥပဒေနဲ့အညီ လုပ်ဆောင်ချက်ကို လိုက်နာတဲ့အနေနဲ့ သပိတ်စခန်းကို ရုပ်သိမ်းတာဖြစ်တယ် လို့ ဆန္ဒပြနေသူတွေက ပြောပါတယ်။လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်နေကြတဲ့ ဒေသခံတောင် သူတွေဟာ မိုးကြိုးပြင်ကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း ကို ဖြတ်သန်း သွားလာနေတဲ့ ကျောက်ကားတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တားဆီးပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ က ကျောက်ကားတားဆီးတဲ့ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ရာဘာကျည် နဲ့ ပြန်လည်ပစ်ခတ် မှုကြောင့် ဒေသခံတောင်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သပိတ်စခန်းကိုပိတ်သိမ်းခဲ့ပေမယ့် ရာဘာကျည်နဲ့ ပစ်ခတ်နှိမ်နှင်းဖို့ အမိန့်ပေးခဲ့သူနဲ့ ပစ်ခတ်သူတွေကို ထိရောက်စွာအရေးယူပေးဖို့ ဆက်လက်တောင်းဆို သွားမယ်လို့ မိုးကြိုးပြင်ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org