ဝမ်ပေါင်ကုမ္ပဏီကို လက်ပံတောင်းဒေသခံတွေ ဆန္ဒပြ

ဒေသခံတွေရဲ့ တောင်းဆိုချက်ကို အကောင်အထည် မဖော်ပေးလို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းကို ဆောင်ရွက်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီကို ဒေသခံ အယောက် ၁၅၀ လောက်က ဒီကနေ့ ဆန္ဒပြကြပါတယ်။

၀မ်ပေါင်ကုမ္ပဏီကို စက်တင်ဘာလ ၂၉ ရက်နေ့က ဒေသခံတချို့ လမ်းလျောက်ဆန္ဒပြစဉ် Photo: Soe Lwinoo facebook

ဒေသခံတွေရဲ့ တောင်းဆိုချက်ကို အကောင်အထည် မဖော်ပေးလို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် စီမံကိန်းကို ဆောင်ရွက်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီကို ဒေသခံ အယောက် ၁၅၀ လောက်က ဒီကနေ့ ဆန္ဒပြကြပါတယ်။

အဲဒီစီမံကိန်း စတင်ကတည်းက စီမံကိန်းကြောင့် ထိခိုက်နစ်နာတဲ့ တောင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ မရှိတဲ့အပြင် ဒေသခံတွေ တောင်းဆိုတဲ့အချက်တွေကို အကောင်ထည်မဖော်ပေးတာကြောင့် အခုလို ဆန္ဒပြကြ တာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ဆည်တည်းကျေးရွာက မရီဝင်းက ပြောပါတယ်။

"ကျမတို့ ဆန္ဒပြတာက ဒီစီမံကိန်းကြီး စတင်ကတည်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး တောင်းဆို တယ်။ စာတွေကိုလည်း တရားဝင်စာ တင်ပို့ပြီး တောင်းဆိုတယ်ပေါ့။ ဒါတွေကိုလည်း ကျမတို့ကို ဘယ်သူက မှ အလေးတမူ ဂရုမစိုက်ဘူး။ လျစ်လျူရှု ပစ်ထားတယ်။ တကယ်နစ်နာတဲ့ တောင်သူ လယ်သမားတွေနဲ့ ဆွေးနွေးလှည့်ပါဆိုပြီး ကျမတို့ ဖိတ်ခေါ်ထားတယ်။ တကယ်နစ်နာတဲ့ တောင်သူ သမားတွေနဲ့က ဘယ်နေရာမှာမှ တွေ့ဆုံဆွေးနွေးခြင်း တစ်ခုမှ မရှိဘူး။ တွေ့ဆုံဆွေးနွေးပြီလား ဆိုလို့ရှိရင်လည်း ဒီဒေသခံတွေ တောင်းဆိုတဲ့အချက်လက်တွေကို သူတို့ တစ်ခုမှလည်း အကောင် အထည်ဖော်မပေးဘူး"

တုံရွာ၊ တုံအလယ်ရွာ၊ တုံအလယ်တော၊ တုံရွာမ၊ တုံရွာသစ် ၊ ဆည်တည်းနဲ့ မိုးကြိုးပြင်စတဲ့ ကျေးရွာတွေ က ဒေသခံတွေက ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဒီကနေ့ ဆန္ဒပြကြတာဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာပါတဲ့အတိုင်း အစားထိုးမြေ ဧက ၁၉၀၀ ချက်ချင်းဖော်ထုတ်ပေးဖို့နဲ့ အဲဒီ အစီရင်ခံစာကို မလိုက်နာတဲ့ ကုမ္ပဏီကို စစ်ဆေးအရေးယူဖို့နဲ့ စီမံကိန်းကို ရပ်ဆိုင်းဖို့ ဒီကနေ့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။

ဒါ့အပြင် အစီရင်ခံစာကို ဖောက်ဖျက်တဲ့ အာဏာရူးတွေ အလိုမရှိ၊ လူသတ်မြေသိမ်း တရုတ်ဝမ်ပေါင်ကုမ္ပဏီ ခုထွက်သွား၊ မီးလောင်ဗုံး အကြမ်းဖက် အာဏာပိုင်များ ကျဆုံးပါစေ ဆိုပြီး ဆန္ဒပြသူတွေက ကြွေးကြော်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org