တရုတ် ဝမ်ပေါင်ကုမ္ပဏီကို ဆက်လက် ဆန္ဒပြ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုထားတဲ့ အစီအရင်ခံစာအတိုင်း အကောင်အထည်ဖော် မပေးတဲ့အတွက် စီမံကိန်းကို ရပ် ဆိုင်းပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာ ရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ မြေယာလျော်ကြေးငွေ မယူ ထားတဲ့ ဒေသခံတောင်သူ တစ်ရာလောက်က ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ မြေယာလျော်ကြေးငွေ မယူထားတဲ့ ဒေသခံတစ်ရာလောက် မေလ ၇ ရက်နေ့က ဆန္ဒပြတောင်းဆိုကြစဉ် Photo: Hset Paing Toe/RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုထားတဲ့ အစီအရင်ခံစာအတိုင်း အကောင်အထည်ဖော်မပေးတဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းပေးဖို့  စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မှာရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ မြေယာလျော်ကြေးငွေ မယူထားတဲ့ ဒေသခံတောင်သူ တစ်ရာလောက်က ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ကော်မရှင် အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်ဖို့နဲ့ မလိုက်နာနိုင်ရင် ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ စီမံကိန်းကို ဆက်လက်မလုပ်ကိုင်ဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ တောင်သူ ဒေါ်မာချို က ပြောပါတယ်။

"လက်ပံတောင်းတောင်ကြားထဲက လယ်တီသိမ်ကို စက်ယန္တရားတွေနဲ့ ဖြိုခွဲသွားပါတယ်၊ အခု ကျမတို့ ဧက ၁၈ဝဝ ဖော်ဆောင်ပေးမယ့်ဟာလည်း လုံးဝဖော်ဆောင်မပေးပါဘူး၊ ပြည်သူတွေ နဲ့ ပြေလည်အောင်ညှိနှိုင်းမယ်ဆိုတဲ့ အချက်အလက်ကိုလည်း လုံးဝမညှိနှိုင်းပါဘူး၊ ပြည်သူတွေကျေနပ် တဲ့အထိ ကာလပေါက်ဈေးပေးမယ်ဆိုတာ လည်း လုံးဝပြည်သူတွေကို ညှိနှိုင်းခြင်းမရှိပါဘူး၊ အခု လက်လုပ်လက်စား တောင်သူအပေါ် မှီခိုစားသောက်နေတဲ့ လက်လုပ်လက်စားတွေကို အလုပ်အကိုင် အခွင့်အလမ်းကို သူတို့စီစဉ်ပေးဖို့ရာ အကြံပြုထားတဲ့ အစီရင်ခံစာထဲ လည်းပါပါတယ်၊ ကျမတို့ သိသင့် သလောက်ကတော့ အဲ့ဒါတွေတစ်ခုမှ ဘာမှလုပ်ပေးထားတာမရှိသေးဘူး၊ ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးကိုလည်း ပြည်သူတွေကျေနပ်မှသာ လုပ်ဆောင်ပိုင်ခွင့် ရှိပါတယ်လို့ ကျမတို့ယူဆထားပါတယ်၊ ကျမတို့ကလည်း လုံးဝကျေနပ်မှုမရှိပါဘူး"

ဒီကနေ့ ဆန္ဒပြပွဲအပြီးမှာ အစိုးရသစ်ရဲ့ ဖြေရှင်းမှုကို စောင့်ကြည့်သွားမှာဖြစ်ပြီး လိုအပ်မှသာ ဆန္ဒပြပွဲတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တုံရွာ၊ ဆည်တည်း၊ မိုးကြိုးပြင်၊ အလယ်တော၊ ရွာသစ် စတဲ့ရွာတွေက မြေယာလျော်ကြေးမယူထားတဲ့ ဒေသခံတွေ ဟာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကနေ ဒီကနေ့အထိ ၄ ရက်ဆက်တိုက် ကုမ္ပဏီရှေ့မှာ ဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲမစခင်မှာ တောင်သူတွေဟာ သူတို့ပိုင်လယ်မြေတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေကို အမှုဖွင့်ဖို့ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို သွားရောက်ခဲ့ပေမယ့် စခန်းတာဝန်ရှိသူ ဝင်ခွင့်မပေးခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org