ပြင်ပ ပယောဂကြောင့် ကြေးနီ စီမံကိန်း ပြဿနာဖြစ် ရကြောင်း ကော်မတီ ပြောဆို
ပြင်ပအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ လှုံ့ဆော်တဲ့အတွက် လူနည်းစုတချို့ဟာ စနစ်တကျ အကောင်အထည်ဖော်ဆောင် ရွက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းစဉ်တွေကို ဟန့်တားနှောင့်ယှက်နေပြီး၊ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်သွားအောင် ပြဿနာ တစ်ခုမဟုတ် တစ်ခု ဖန်တီးနေကြတယ်လို့ လက်ပံ တောင်းတောင် ကြေးနီစီမံ ကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အကောင် အထည်ဖော်ဆောင်ရွက်မယ့် ကော်မတီက သတင်းထုတ်ပြန် လိုက်ပါတယ်။
-
2015-01-05 -
-
-
Your browser doesn’t support HTML5 audio
ပြင်ပအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ လှုံ့ဆော်တဲ့ အတွက် လူနည်းစုတချို့ဟာ စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းစဉ်တွေ ကို ဟန့်တားနှောင့်ယှက်နေပြီး၊ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်သွားအောင် ပြဿနာ တစ်ခုမဟုတ် တစ်ခု ဖန်တီးနေကြတယ်လို့ လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အကောင် အထည်ဖော်ဆောင်ရွက်မယ့် ကော်မတီက သတင်း ထုတ်ပြန်လိုက်ပါတယ်။
ကြေးနီစီမံကိန်းသဘောတူညီချက်ကို အသစ်ပြန်ချုပ်ပြီး အကျိုးအမြတ်ကို နိုင်ငံတော်က ၅၀% စစ်တပ်ပိုင် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်က ၁၉ % နဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီ က ၃၀ % ရရှိမယ်လို့ ဖော်ပြပါ တယ်၊ ဒေသ ခံတွေ ကို မြေယာလျော်ကြေးတွေ ပေးထား ပြီး နိုင်ငံ တကာစံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ အစီရင်ခံစာ မူကြမ်းကို ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနဲ့ သစ်တောဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ အကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စီမံကိန်းကြောင့် ဒေသခံတွေ အလုပ်အကိုင်ရရှိကြကြောင်း၊ ညောင်ပင်ကြီးမြစ်ရေတင် စီမံကိန်းကြောင့် သီးထပ် သီးညှပ် စိုက်ပျိုးနိုင်မယ့်အကြောင်း၊ သာသနိက အဆောက် အအုံတွေကိုလည်း မူလပုံစံမပျက်ဘဲ နဂိုကထက် ပိုကြီးမား ခိုင်ခံ့အောင် ပြောင်းရွှေ့ တည်ဆောက်ပေးတဲ့ အကြောင်းတွေလည်း ပါရှိပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ လူတဦးသေဆုံးပြီး ဒေသခံရော ရဲတပ်ဖွဲ့ဝင်တွေပါ စုစုပေါင်း အယောက် ၂၀ ထိခိုက် ဒဏ်ရာရတဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေ တယ်လို့ လည်းဖော်ပြပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စီမံကိန်းဖြစ်ပြီး နိုင်ငံ့အကျိုးစီးပွား၊ ဒေသခံတွေ အကျိုးစီးပွားနဲ့ အနာဂါတ်မျိုးဆက်တွေရဲ့ အကျိုးစီးပွား ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီ စံပြစီမံကိန်း ဖြစ်တယ်လို့ လည်း ရေးသားထားပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပေါ် အဖျက်သဘောနဲ့ သွေးခွဲလှုံ့ဆော် တာတွေကြောင့် မလိုလားအပ်တဲ့ ဖြစ် ရပ်တွေမပေါ်ပေါက်ဖို့ နိုင်ငံ့ဖွံ့ဖြိုး တိုးတက်ရေးကို လိုလားတဲ့ တိုင်းရင်းသားပြည်သူတွေက အသိ၊ သတိနဲ့ ဆောင်ရွက်ဖို့ စုံစမ်း စစ်ဆေး ရေး အစီရင်ခံစာ အကောင်အထည်ဖော်မယ့် ကော်မတီ က သတင်းထုတ်ပြန် မေတ္တာရပ်ခံလိုက် ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာကို အခြေပြုပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ဆည်တဲရွာ စမ်းမြဝတီကျောင်းတိုက် ဆရာတော် အရှင် အာလောကကို ဒေါ်စမ်းစမ်းတင်က လျှောက်ထားမေးမြန်း ထားပါတယ်။