ကြေးနီစီမံကိန်း ဒေသခံတချို့ သမ္မတ ဦးသိန်းစိန်ကို တရားစွဲဖို့ ကြိုးပမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ ဒေသခံတချို့ဟာ သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ မတ်လ ၄ ရက် ဒီကနေ့ ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထား ခဲ့တယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် ဒေသခံပြည်သူ များ တောင်းဆိုဆန္ဒပြနေကြစဉ် RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ ဒေသခံ တချို့ဟာ သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ မတ်လ ၄ ရက်  ဒီကနေ့  ဆားလင်းကြီး မြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထား ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ရက်နေ့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို အစိုးရက အင်အားသုံးဖြိုခွဲခဲ့ရာမှာ သံဃာတွေနဲ့ ဒေသခံအတော်များများ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အဲဒီလိုဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုနေရာမှာ ဖော်ထုတ်အရေးယူဖြေရှင်းမှု မပြုလုပ်ပေးတဲ့အတွက် သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ ဦးတိုက်လျှောက်ထားတာဖြစ်တယ်လို့ လက်ပန်းတောင်းတောင် အရေးလှုပ်ရှားနေတဲ့ ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းသား ကိုသောင်းထိုက်က RFA ကို ပြောပါတယ်။

သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ ဦးတိုက်လျှောက်ထားရာမှာ လက်ပန်းတောင်းတောင် ဒေသခံတွေ ကိုယ်စား ဆည်တဲကျေးရွာက မရီဝင်း၊ မဝင်းဝင်းဌေးနဲ့ အလယ်ရွာက ကိုဇော်နိုင်တို့က ဦးတိုက်လျှောက်ထား တရားစွဲဆိုတာ ဖြစ်ကြောင်း သိရပါတယ်။

ဆားလင်းကြီးမြို့နယ်တရားရုံး တရားသူကြီး ဒေါ်ခင်ခင်ဆွေက တရားစွဲဆိုဖို့ ဦးတိုက်လျှောက်ထားလွှာကို လက်ခံထားလိုက်ပြီး တရားစွဲဆိုမှုကို ဆက်လက်ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို တင်ပြပေးသွားမှာဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်ကို တရားစွဲဆိုဖို့အတွက် တရားရုံးအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ သင့်မသင့်ကို မတ်လ ၁၁ ရက်နေ့မှာ  အကြောင်းပြန်မယ်လို့ ပြောကြောင်းသိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org