ကြေးနီစီမံကိန်းနယ်မြေ ပဋိပက္ခ ရွာသားများကို အရေးယူမည်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း မိုးကြိုးပြင်ရွာနားက ခြံစည်းရိုးခတ်ထားတဲ့နေရာမှာ မနေ့ က ဒေသခံလယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ် ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံရွာသားတွေကို အမှုဖွင့် အရေးယူသွားမယ်လို့ သိရပါတယ်။
-
2014-07-27 -
-
-
Your browser doesn’t support HTML5 audio
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း မိုးကြိုးပြင်ရွာနားက ခြံစည်းရိုးခတ်ထားတဲ့နေရာမှာ မနေ့က ဒေသခံလယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံ ရွာသားတွေကို အမှုဖွင့် အရေးယူသွားမယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းနယ်စပ်လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က RFA ကို ပြောပါတယ်။
"ရွာသားတွေက လေးခွနဲ့ ကျောက်ဒိုးနဲ့ ပစ်တဲ့ အခါကျတော့ ကျောက်ခဲဆိုတော့ နာတာပေါ့နော် ၊ လက်သီးဆုပ်အရွယ် ကျောက်ခဲတွေက အဲ့ဒီ မှာပေါတဲ့အခါကျတော့ တချို့ဆို ရင် လျှော်ကျောက် လို ကျောက်ခဲတွေနဲ့ ပစ်တဲ့ အခါကျတော့ခေါင်းတွေဘာတွေကွဲပြီးတော့ သွေးထွက်သံယိုတွေဖြစ်ပြီးတော့ ၂ ချက်ချုပ်ရတဲ့သူတွေနဲ့ နဖူးတည့်တည် မှန်တဲ့သူတွေနဲ့ လက်နက်တွေဘာတွေပါပြီးတော့ လုပ်တယ်ဆိုတော့ ဒါတရားဥပဒေနဲ့ မညီဘူးလေ၊ ကျနော်တို့ မှတ်တမ်းတင်ထားတယ်၊ အမှှုဖွင့်ရမှာပေါ့"
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း မိုးကြိုးပြင်ရွာ နဲ့ ဆည်တဲဇီးတောရွာဟောင်းက ခြံစည်းရိုးခတ်ထားတဲ့အနားမှာ မနေ့က ဒေသခံ တစ်ရာလောက်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ရှစ်ဆယ်လောက် စီမံကိန်းနယ်မြေမှာ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။
အဲ့ဒီပဋိပက္ခကြောင့် ဒဏ်ရာရခဲ့တဲ့ လုံခြုံရေးအဖွဲ့ဝင် ဆယ်ဦးလောက်ရှိမယ်လို့လည်း သိရပါတယ်။
နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်ကို မရတနာဦးက မေးမြန်းထားပါတယ်။