လက်ပံတောင်း ဖြိုခွင်းမှု ၇ လပြည့် လူ ၅ဝဝ ကျော်ဆန္ဒပြ

လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်းခံရတဲ့ ၇ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ နေ့လည်ပိုင်းက စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသမှာ ဒေသခံရွာသား ၅ဝဝ ကျော်ဟာ တုံရွာထိပ်ကနေ ထန်းတော သစ်ဆိပ်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်ဆိုင်းရန် ဒေသခံ ကျေးရွာလူထု တောင်းဆို ဆန္ဒပြနေကြစဉ်။ RFA

လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်းခံရတဲ့ ၇ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ နေ့လည်ပိုင်းက စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသမှာ ဒေသခံရွာသား ၅ဝဝ ကျော်ဟာ တုံရွာထိပ်ကနေ ထန်းတော သစ်ဆိပ်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ တုံရွာသူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြနေတဲ့ လက်ပံတောင်းတောင်က ဒေသခံတွေနဲ့ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ အကြမ်းဖက်ခဲ့တဲ့ ၇ လပြည့် အထိမ်းအမှတ် သတိရတဲ့အနေနဲ့ ဆန္ဒပြရခြင်းဖြစ်ပါတယ်"

ဆန္ဒပြပွဲမှာ ဆည်တဲရွာ၊ တုံရွာ၊ အလယ်တောရွာ၊ တောကျောင်းရွာစတဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်ခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အမြန်ဆုံးဖျက်သိမ်းပေးဖို့၊ ပုဒ်မ ၁၄၄ ရုတ်သိမ်းပေးဖို့၊ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့၊ ဖမ်းဝရမ်းထုတ်ထားတဲ့ သူတွေကို ရုတ်သိမ်းရေးဖို့ စတဲ့အချက် ၁ဝ ချက်ကို ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။

အဲဒီအပြင် ညနေ ၅ နာရီမှာလည်း သပိတ်စခန်းတွေ ဖြိုခွင်းခံရတဲ့ ၇ လပြည့် အထိမ်းအမှတ်အဖြစ် ဆည်တဲရွာမြောက်ဘက်ပိုင်းမှာ ဆုတောင်းပွဲတွေနဲ့ တောင်ကြည့်ပွဲကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org