လူကုန်ကူးခံရသူများ အမှုမှန်ပေါ်ဖို့ အင်ဒိုနီးရှားက အကူအညီတောင်း

အင်ဒိုနီးရှားနိုင်ငံ မာလုကုပြည်နယ်၊ အာရု ကျွန်းက ငါးဖမ်းလုပ်ငန်းတွေမှာ လူမှောင်ခို ဂိုဏ်းတွေနဲ့ တံငါလုပ်ငန်းတွေနဲ့ပတ်သက် လို့ တရားစီရင်နိုင်ဖို့ အင်ဒိုနီးရှားအစိုးရ မျက်မြင်သက်သေနဲ့ ထိခိုက်နစ်နာသူများ ကာကွယ်ရေးအေဂျင်စီ LPSK က မြန် မာနိုင်ငံ ပြန်ရောက်လာပြီဖြစ်တဲ့ လူကုန်ကူးခံရသူတွေ ကို တွေ့ဆုံမေးမြန်းဖို့ ရှိတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မာလုကု ပြည်နယ်၊ အာရုကျွန်းက ငါးဖမ်းလုပ်ငန်းတွေမှာ လူမှောင်ခိုဂိုဏ်းတွေနဲ့ တံငါလုပ်ငန်း တွေနဲ့ပတ်သက်လို့ တရားစီရင်နိုင်ဖို့ အင်ဒိုနီးရှားအစိုးရ မျက်မြင်သက်သေနဲ့ ထိခိုက်နစ်နာသူများ ကာကွယ်ရေးအေဂျင်စီ LPSK က မြန်မာနိုင်ငံ ပြန်ရောက်လာပြီဖြစ်တဲ့ လူကုန်ကူးခံရသူတွေ ကို တွေ့ဆုံ မေးမြန်းဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီအဖွဲ့က ဒုတိယဥက္ကဌ  Mr Partogi ဟာ မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၄ ရက်နေ့ ကထဲက ရောက်ရှိနေတယ်လို့ Antara Indonesia သတင်းဌာနက ဖေါ်ပြပါ တယ်။ သူက မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး မျက်မြင်သက်သေ ကျွန်လုပ်သားဖြစ်ခဲ့ ကြသူတွေကို တွေ့ဆုံပြီး အမှုနဲ့ပတ်သက်တာတွေ မေးမြန်းမယ်၊   ဒါနဲ့ ပတ်သက်လို့  မြန်မာ အစိုးရကလဲ သဘောတူ ခွင့်ပြုထားပြီလ့ို  ပြောပါတယ်။

မြန်မာအပါအဝင် ကမ္ဘောဒီယား၊ ဗီယက်နမ်တို့က အလုပ်သမားတွေဟာ ထိုင်းနိုင်ငံဖက်ကနေ လူမှောင်ခိုကူးခံရပြီး အဲဒီကျွန်း အခြေစိုက်တဲ့ ငါးဖမ်းစက်လှေတွေ မှာ နှစ်ပေါင်းများစွာ ကျွန်လုပ်သားတွေအဖြစ် နေထိုင်ခဲ့ကြရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံသား ငါးယောက်နဲ့ အင်ဒိုနီးရှားနိုင်ငံသား နှစ်ယောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org