တရားဥပဒေကို လေးစားတဲ့ အတွက် သပိတ်စခန်းတွေ ရုပ်သိမ်းကြောင်း ဒေသခံများပြော

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို ဒေသခံလူထုက သူတို့သဘောဆန္ဒအရပဲ မနေ့ညက ယာယီ ရုပ်သိမ်းလိုက်ကြပါတယ်။

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက တုံရွာတွင် ဖွင့်လှစ်ထားသည့် လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းအားတွေ့ရစဉ်။ Photo:RFA/Moe Thu Aung

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို ဒေသခံလူထုက သူတို့သဘောဆန္ဒအရပဲ မနေ့ညက ယာယီ ရုပ်သိမ်းလိုက်ကြပါတယ်။

သပိတ်စခန်းတွေ ရုပ်သိမ်းလိုက်တဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဒေသခံရွာသား ဦးအောင်သန်းမျိုးက RFA ကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ သပိတ်စခန်းတွေ ဖျက်ရတဲ့အကြောင်းရင်းကတော့ ကော်မရှင် ထဲမှာပါတဲ့ ကျွန်တော်တို့ ဒေသခံပြည်သူတွေက ကိုယ့်ဘာသာကိုယ် တရားဥပဒေနဲ့အညီ အသိစိတ်ဓာတ်နဲ့ တရားဥပဒေကို လေးစားလိုက်နာ တဲ့အနေနဲ့ ယာယီရပ်ဆိုင်းထားတာပေါ့"

ရန်ကုန်မြို့ကနေ လာရောက်ကူညီသူတွေအနေနဲ့ ဒေသခံတွေရဲ့ သဘောဆန္ဒမပါပဲ ဆန္ဒပြပွဲတွေ ထပ်မံပြုလုပ်ခွင့်ရှိမှာ မဟုတ်ဘူးလို့ ဒေသခံဦးပဇ္ဇင်းတစ်ပါးက ဆန္ဒပြမယ့်အခြေအနေတွေနဲ့ ပတ်သက်ပြီး မိန့်ကြားပါတယ်။

တဆက်တည်းမှာပဲ လက်ပံတောင်းတောင်မှာရှိတဲ့ သပိတ်စခန်းတွေကို ဒေသခံရွာလူထုက သူတို့ဆန္ဒအရ ပိတ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ဒီအရေးကို ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဆားလင်းကြီးမြို့နယ်၊ ဇီးတောရွာ၊ စမ်းမြဝတီကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ အရှင် စန္ဒာသီရိကို RFA သတင်းထောက် မရတနာဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org