အသတ်ခံရတဲ့ လီဆူတိုင်းရင်းသား သုံးဦးအတွက် KIA က နစ်နာကြေးပေး
ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးထားစဉ် အသက်သေဆုံးခဲ့ရတဲ့ လီဆူတိုင်းရင်းသား သုံးဦးအတွက် တစ်ဦးကို ကျပ်သိန်း ၁၅၀ နဲ့ နှိပ်စက်ရိုက်နှက်ခံရသူတစ်ဦးကိုတော့ ဆေးကုသကြေးအဖြစ် ကျပ်သိန်း ၄၀ KIA အဖွဲ့က နစ်နာကြေးပေးလိုက်တယ်လို့ သိရပါတယ်။
-
2019-05-26 -
-
-
Your browser doesn’t support HTML5 audio
ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးထားစဉ် အသက်သေဆုံးခဲ့ရတဲ့ လီဆူတိုင်းရင်းသား သုံးဦးအတွက် တစ်ဦးကို ကျပ်သိန်း ၁၅၀ နဲ့ နှိပ်စက်ရိုက်နှက်ခံရသူတစ်ဦးကိုတော့ ဆေးကုသကြေးအဖြစ် ကျပ်သိန်း ၄၀ KIA အဖွဲ့က နစ်နာကြေးပေးလိုက်တယ်လို့ သိရပါတယ်။
အသတ်ရခံသူတွေနဲ့ပတ်သက်ပြီး လီဆူညှိနှိုင်းပေးရေးကော်မတီအဖွဲ့၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၊ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ KIA ကိုယ်စားလှယ်၊ ရပ်မိရပ်ဖအဖွဲ့တွေက မေလ၂၁ ရက်နေ့မှာ တွေ့ဆုံညှိနှိုင်းပြီး သဘောတူခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဘန်ကောက်ကျေးရွာမှာနေတဲ့ လီဆူတိုင်းရင်းသား လေးဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးဦး အသတ်ခံရပြီး တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်လာတာဖြစ်တယ်လို့ သိရပါတယ်။
KIA ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူက လီဆူတိုင်းရင်းသားတွေ အခုလိုဖြစ်ခဲ့ရတာတွေကို နစ်နာကြေးပေးခဲ့ပြီးဖြစ်ပြီး ပြည်သူတွေကျေနပ်အောင် လုပ်ပေးခဲ့ပါတယ်လို့ RFA ကို ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။