ရခိုင်မြောက်ပိုင်းအရေးပြောဖို့ Leeds United ဘောလုံးအသင်းကို တိုက်တွန်း

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်နေတဲ့ အင်္ဂလိပ်ချန်ပီယံရှစ်ဘောလုံး အသင်းဖြစ်တဲ့ Leeds United အသင်းအနေနဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ ပရိသတ်ထောက်ခံ အားပေးမှုကို အသုံးချပြီး ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို ဝေဖန်ထောက်ပြသင့်တယ်လို့ လူ့အခွင့်အရေး အဖွဲ့အတစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

Leeds United ဘောလုံးအသင်းကို တွေ့ရစဉ် Photo: Leeds United Website

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်နေတဲ့ အင်္ဂလိပ်ချန်ပီယံရှစ်ဘောလုံးအသင်းဖြစ်တဲ့ Leeds United အသင်းအနေနဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ ပရိသတ်ထောက်ခံအားပေးမှုကို အသုံးချပြီး ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို ဝေဖန်ထောက်ပြသင့်တယ်လို့ လူ့အခွင့်အရေး အဖွဲ့အတစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

Leeds United ဘောလုံးအသင်းအနေနဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်ခဲ့တဲ့အတွက် နိုင်ငံတကာ သတင်း စာမျက်နှာတွေမှာ ဝေဖန်မှုတွေအကြီးအကျယ် ရင်ဆိုင်နေရကြောင်း၊ တစ်ကမ္ဘာလုံးကို ထောက်ခံအားပေးမှုရှိတဲ့ အသင်းကြီးတစ်ခုအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးကိစ္စတွေမှာလည်း ဒီထောက်ခံ အားပေးမှုကို အသုံးချပြော ကြားသင့်ကြောင်း Fortify Rights အဖွဲ့က ဒေးဗစ် ဘော့ခ်က ပြောပါတယ်။

Leeds United အသင်းပိုင်ရှင်နဲ့ အီတလီလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အင်ဒရီယာ ရာဒရီဇာနည်ကတော့ “မိမိတို့ဟာ အားကစားသမားတွေဖြစ်ကြောင်း၊ ဘောလုံးကိုသာကစားကြောင်း၊ နိုင်ငံရေးသမားတွေမဟုတ်ကြောင်း” ဝေဖန် မှုတွေကို တုံ့ပြန်ပြောကြားခဲ့ပြီး တကမ္ဘာလုံးမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိကြောင်း ဖြေကြားထား ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org