ဗြိတိန်ဘောလုံးအသင်း မြန်မာပြည် မသွားဖို့ ရိုဟင်ဂျာတွေ တောင်းဆို

မြန်မာနိုင်ငံကို သွားရောက်ပြီး ကစားမယ့် ဗြိတိသျှ ကလပ်အသင်း Leeds United ဘောလုံး အသင်းကို Bradford က ရိုဟင်ဂျာအဖွဲ့များက မြန်မာနိုင်ငံကို မသွားဖို့ တောင်းဆိုလိုက်ပါတယ်။

Leeds United ဘောလုံးအသင်းကို တွေ့ရစဉ် Photo: Leeds United Website

မြန်မာနိုင်ငံကို သွားရောက်ပြီး ကစားမယ့် ဗြိတိသျှ ကလပ်အသင်း Leeds United ဘောလုံးအသင်းကို Bradford က ရိုဟင်ဂျာအဖွဲ့များက မြန်မာနိုင်ငံကို မသွားဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီတောင်းဆိုမှုကို ဗြိတိန်နိုင်ငံ ရိုဟင်ဂျာကွန်မြူနတီ BRC က တောင်းဆိုတာဖြစ်ပြီး Leeds အသင်း သွားရောက်မှာကို ကန့်ကွက်တယ်လို့ ဆိုပါတယ်။ BRC အဖွဲ့ဝင်များဟာ Leeds အသင်းရဲ့ အမာခံ ပရိသတ်များဖြစ်တယ်လို့ လည်း ပြောဆိုထားပြီး ဘောလုံးအသင်းပိုင်ရှင်ကို သူတို့နဲ့ ဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။ ဘောလုံးအသင်းပိုင်ရှင် ကတော့ မြန်မာပြည်မကြာခဏသွား ရောက်ဖူးသူဖြစ်ပြီး မြန်မာပြည်ဟာ သူ့နှလုံးသားထဲမှာရှိနေတဲ့တိုင်းပြည်လို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။

ဒီအတောအတွင်း မြန်မာပြည်ကိုသွားရောက်မယ့် Leeds အသင်းသားတွေအနေနဲ့ အခုလို ကန့်ကွက်မှုတွေကြောင့် စားမဝင်အိပ်မပျော် ဖြစ်နေကြပါတယ်လို့ အသင်းမန်နေဂျာက ထုတ်ဖေါ်ပြောဆိုပါတယ်။

ရှေ့လမှာ မြန်မာပြည်ကိုသွားရောက်မယ့် Leeds United အသင်းကို နိုင်ငံရေးသမားများ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်နေသလို တခြားအဖွဲ့အစည်းတွေကလည်း ကန့်ကွက်နေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org