ဗြိတိန် ဘောလုံးအသင်းပိုင်ရှင် ထပ်မံ ကာကွယ်ပြောကြား

မြန်မာနိုင်ငံကို ရှေ့လအတွင်း သွားရောက်ဖို့ရှိတဲ့ ဗြိတိသျှ ဒုတိယတန်းကလပ်က Leeds ဘောလုံးအသင်းကို နိုင်ငံရေးသမားများ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန် တာကြောင့် ဘောလုံးအသင်းပိုင်ရှင်က ဒီခရီးစဉ်ကြောင့် အကောင်းဘက် ရိုက်ခတ်မှုတွေ ရှိနိုင်ပါတယ်လို့ ပြန်လည်ခြေပပါတယ်။

Leeds United ဘောလုံးအသင်းကို တွေ့ရစဉ် Photo: Leeds United Website

မြန်မာနိုင်ငံကို ရှေ့လအတွင်း သွားရောက်ဖို့ရှိတဲ့ ဗြိတိသျှ ဒုတိယတန်းကလပ်က Leeds ဘောလုံးအသင်းကို နိုင်ငံရေးသမားများ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်တာကြောင့် ဘောလုံးအသင်းပိုင်ရှင်က ဒီခရီးစဉ်ကြောင့် အကောင်းဘက် ရိုက်ခတ်မှုတွေ ရှိနိုင်ပါတယ်လို့  ပြန်လည်ခြေပပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Lead  အသင်းပိုင်ရှင်  Andrea Radrizzani က ဝေဖန်သူတွေကို စာနဲ့ပြန်ကြားရာ မှာ၊ မြန်မာနိုင်ငံကို သူ့အနေနဲ့ အကြိမ်များစွာရောက်ရှိခဲ့ပြီး နှလုံးသားမှာ စွဲဝင်နေတဲ့နိုင်ငံဖြစ်ပါတယ်လို့ ရေး ပါတယ်။ သူတို့အသင်းအနေနဲ့ အခကြေးငွေယူပြီး သွားကစားတာလည်း မဟုတ်လို့ ရေးသားထားသလိုပဲ Leeds United အသင်းကို လျင်လျင်မြန်မြန် တိုးတက်လာနေတဲ့ အရှေ့တောင်အာရှနိုင်ငံမှာ လူသိလာအောင် လုပ်ဆောင်တာဖြစ်ပါတယ်လို့ ပြောပါတယ်။

တဆက်တည်း ကျနော်တို့ သွားရောက်တဲ့ နိုင်ငံအနှံက ဒေသခံတွေနဲ့ တွေ့ဆုံရမှာဖြစ်ပြီး ကောင်းကျိုးတွေ လည်း ဖြစ်ထွန်းလာမှာပါ။ ဒီခရီးစဉ်အတွက် အငြင်းပွားစရာ၊ ဝေဖန်တာတွေရှိမယ်ဆိုတာလည်း မျှော်မှန်း ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီခရီးစဉ်ဟာ အစိုးရအတွက် မဟုတ်ပါ ပြည်သူတွေအတွက်ဖြစ်ပါတယ် လို့ ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org