လက်ပံတောင်းအကြမ်းဖက် ဖြိုခွင်းမှု ရှေ့နေကွန်ရက် ရှုတ်ချ

လက်ပံတောင်းတောင်ဒေသမှာ ဆန္ဒပြ သူတွေကို အာဏာပိုင်တွေဘက်က အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံရှေ့နေ များ ကွန်ရက်က ရှုတ်ချလိုက် ပြီး လက်ပံတောင်းတောင် ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော် မှုတွေကို ထောက်ခံကြောင်း သဘောထား ကြေညာချက် တစ်စောင်ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

လက်ပံတောင်းတောင်ဒေသက ရွာသူရွာသားတချို့ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA

လက်ပံတောင်းတောင်ဒေသမှာ ဆန္ဒပြသူတွေကို အာဏာ ပိုင်တွေဘက်က အကြမ်းဖက် ဖြိုခွင်းမှုနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ရှုတ်ချလိုက်ပြီး လက်ပံတောင်းတောင် ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော် မှုတွေကို ထောက်ခံကြောင်း သဘောထား ကြေညာချက် တစ်စောင်ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်မှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင် ခံစာပါ အကြံပြုချက်တွေ အတိုင်းမဟုတ်ဘဲ ဆောင် ရွက်နေတာတွေကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုချက်နဲ့ အတူ အချက်လေးချက်ကို မီးမောင်းထိုး ဖော်ပြထားပါ တယ်။ ကြေညာချက်ပါ အချက်တချို့ကို ရှေ့နေများ ကွန်ရက် အတွင်းရေးမှူး အဖွဲ့ဝင်  တရားရုံး ချုပ် ရှေ့နေ ဦးကြီးမြင့် ကအခုလိုပြောပါတယ်။

"လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို တိကျစွာမလိုက်နာဘဲ ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီ တို့က မိမိသဘောနဲ့ စီမံကိန်းကို ဆက်ဆောင်ရွက်နေခြင်းနဲ့ အကြမ်းဖက်နှိမ်နှင်းခြင်းများ ပြုလုပ်နေခြင်းကို ချက်ချင်းရပ်ဆိုင်းရန်နဲ့ စီမံကိန်းကို ဆက်မလုပ်ရန် ကျနော်တို့တောင်းဆို တယ်၊ နောက်ဆုံးအပိုဒ် ကတော့ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းဖော်ထုတ်ရမယ့်အစား သေဆုံးဒဏ်ရာရတဲ့ သူကို လျော်ကြေးပေးပြီးဖြေရှင်းတာ လမ်းမှန်မဟုတ်ဘူး လို့ သဘောထားတယ်၊ ဒါကြောင့်မို့လို့ မြန်မာနိုင် ငံရှေ့နေကွန်ရက်အနေနဲ့ လက်ပံတောင်းတောင်ဒေသပြည်သူများရဲ့ တရားသော လှုပ်ရှားတောင်းဆိုမှုများ ကို ထောက်ခံသွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာ အပ်တယ်ဆိုပြီးတော့ ကျနော်တို့ အဲ့လိုထုတ်ထား ပါတယ်ခင်ဗျာ "

ရှေ့နေများကွန်ရက်အနေနဲ့ ဇန်နဝါရီလဆန်းပိုင်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်ပံတောင်းတောင်ဒေသကို ကွင်းဆင်းစစ်မူ တွေပြုလုပ် မယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။ အဲ့ဒီမှာ လက် ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်တွေကို လက်တွေ့အကောင် အထည်ဖော်မှုတွေ ကိုလည်း ကြည့်ရှုမှာဖြစ်သလို တွေ့ရှိချက်တွေကို ပြည်သူကို အသိပေးတင်ပြမှာ ဖြစ်တယ်လို့ဆို ပါတယ်။

ရှေ့နေဦးကြီးမြင့်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org