ကမာရွတ်မှာ ဆန္ဒပြသူတွေကို ပုဒ်မ ၁၉ နဲ့ အရေးယူ
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာမှာ လုံခြုံရေးတပ်ဖွဲ့တွေ က ဒေသခံတွေကို မတ်လ ၂၄ ရက်နေ့က ရာဘာကျည်ဆံသုံးပစ်ခတ်ခဲ့မှုအတွက် ရန်ကုန်တိုင်း ကမာ ရွတ်မြို့နယ်မှာ မတ်လ ၂၈ ရက် ညနေက ကန့်ကွက် ဆန္ဒပြ သူ ၄ ဦးကို ခွင့်ပြုချက်မဲ့ စုဝေးမှု ပုဒ်မ ၁၉ နဲ့ သက်ဆိုင်ရာက အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။
-
2017-03-29 -
-
-
Your browser doesn’t support HTML5 audio
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဒေသခံတွေကို မတ်လ ၂၄ ရက်နေ့က ရာဘာကျည်ဆံသုံးပစ်ခတ်ခဲ့မှုအတွက် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ မတ်လ ၂၈ ရက် ညနေက ကန့်ကွက်ဆန္ဒပြ သူ ၄ ဦးကို ခွင့်ပြုချက်မဲ့ စုဝေးမှု ပုဒ်မ ၁၉ နဲ့ သက်ဆိုင်ရာက အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကျော်ကိုကို က ၂၉ ရက်နေ့ မနေ့ညဦးပိုင်းမှာ သူ့ကို ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့တယ်လို့ RFA ကို ပြောပါတယ်။
"ခုနှစ်နာရီလောက်က ကမာရွတ်မြို့နယ်ရဲစခန်း စခန်းမှူးက ကျနော့်ဆီဖုန်းဆက်တယ် ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထား တယ်ဆိုပြီးတော့ အကြောင်းကြားတယ် သူတို့ဆီကိုလာခဲ့ဖို့ပေါ့ ကျနော်ကမေးလိုက်တယ် ကျနော်တစ်ယောက် ထဲလား ဘယ်သူတွေပါသေးလဲပေါ့ စုစုပေါင်းလေးယောက်ဆိုတော့ ကျနော်တို့ လေးယောက်ဆိုတော့ ကျနော်တို့လေးယောက်အချင်းချင်း တွေ့ပြီးဆုံပြီး စကားပြောပြီး တိုင်ပင်ပြီးမှ ကျနော်တို့ဆုံးဖြတ်မယ် အခုလိုအကြောင်း ကြားတာကိုတော့ သိပါပြီပေါ့ အဲ့လောက်ပဲပြန်ပြောလိုက်တယ်"
တဆက်တည်းမှာပဲ ကိုကျော်ကိုကို က သူတို့ ဆန္ဒပြပွဲမှာ လမ်းပိတ်ဆို့မှုနဲ့ ပဋိပက္ခဖြစ်ပွားမှု တစ်စုံတရာမရှိခဲ့ကြောင်းနဲ့ လက်ရှိ ငြိမ်းစုစီဥပဒေဟာ နိုင်ငံသားတဦးချင်းရဲ့ လွတ်လပ်ခွင့်ကို ချုပ်ချယ်ကန့်သတ်မှုအဖြစ် သူ ရှုမြင်ကြောင်းလည်း ပြောပါတယ်။
အပြည့်အစုံကို ကိုကျော်ကိုကို နဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းချက်မှာ နားဆင်နိုင်ပါတယ်။