အဖွဲ့တွေအားလုံးပါဝင်မှ NCA လက်မှတ်ရေးထိုးမည်

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲမှာ အစိုးရနဲ့လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားအဖွဲ့တွေ အပါအဝင်အားလုံးပါဝင်မှ အဖွဲ့အားလုံးက လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက် ပါတယ်။

KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ ခေါ် လေးဝါးဒေသမှာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က စတင်ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲကို တွေ့ရစဉ်

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ အစိုးရနဲ့လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားအဖွဲ့တွေ အပါအဝင်အားလုံးပါဝင်မှ အဖွဲ့အားလုံးက လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကရင်ပြည်နယ် လော်ခီးလာမှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ညီလာခံ ၇ ရက်မြောက်နေ့ ဒီနေ့ ဆုံးဖြတ်နိုင်ခဲ့တာလို့ ညီလာခံကျင်းပရေးကော်မတီဝင် KNU တွဲဘက်အတွင်းရေးမှူး ပဒိုမန်းမန်း က ပြောပါတယ်။

"ကျနော်တို့ အခုကျင်းပတဲ့ ထိပ်သီးအစည်းအဝေး အခြေခံအားဖြင့်က NCCT အဖွဲ့ဝင် ၁၆ ဖွဲ့ NCA လက်မှတ်ထိုးမယ်ဆို ပါဝင်ရမယ်ပေ့ါနော်၊ ဒါက ထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ်ချက်ဖြစ်ပါတယ်"

ဒီညီလာခံကနေ အစိုးရနဲ့ ဆွေးနွေးနိုင်ဖို့ အပစ်အခတ်ရပ်စဲရေး ညှိုနှိုင်းရေးအဖွဲ့တစ်ခုကို ထပ်မံဖွဲ့စည်းလိုက်ပြီး အဲ့ဒီမှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်မယ်လို့ ပဒိုမန်းမန်း က ပြောပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးပွဲကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပြင်ဆင်ထည့်သွင်းဖို့ အချက် ၁၀ ချက်ကျော် ရရှိခဲ့တာကြောင့် ဒီအချက်တွေကို အစိုးရဖက်က သဘောတူနိုင်ရင် အပစ်ရပ်စာချုပ်လက်မှတ်ကို အမြန်ဆုံးထိုးနိုင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

ညီလာခံကျင်းပရေးကော်မတီဝင် KNU တွဲဘက်အတွင်းရေးမှူး ပဒိုမန်းမန်း ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org