လားရှိုးမှာ ပေါက်ကွဲမှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အထွက် ၁၂ မိုင် ဟိုပိတ်ကျေးရွာအနီးမှာ မနေ့ည ၁ဝ နာရီ အချိန်လောက်က မိုင်း တစ်လုံးပေါက်ကွဲခဲ့တာကြောင့် ခရီးသည်နဲ့ ယာဉ်မောင်းအပါအဝင် သုံးဦးဒဏ်ရာ ရခဲ့ပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် မှန်လုံယာဉ် ၂ စီး နှင့် ၁၂ ဘီးယာဉ် ၁ စီးတို့ မိုင်းဆံများထိမှန်သွားသည်ကို တွေ့ရစဉ် Photo: Lashio Media

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အထွက် ၁၂ မိုင် ဟိုပိတ်ကျေးရွာအနီးမှာ မနေ့ည ၁ဝ နာရီ အချိန်လောက်က မိုင်းတစ်လုံးပေါက်ကွဲခဲ့တာကြောင့် ခရီးသည်နဲ့ ယာဉ်မောင်းအပါအဝင် သုံးဦးဒဏ်ရာရခဲ့ပါတယ်။

ဆွဲမိုင်းလို့ယူဆရတဲ့ မိုင်းတစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ခရီးသည်တင်ယာဉ်နှစ်စီးနဲ့၁၂ ဘီး ကုန်တင် ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကာ လူသုံးဦးတို့ ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့က ရဲမှူး တင်ဖေဝင်းက ပြောပါတယ်။

"ခရီးသည် ၃ ဦး ဒဏ်ရာရတယ်၊ စပါယ်ယာ ၁ ဦး၊ ယာဉ်မောင်း ၁ ဦး၊ ခရီးသည် ၁ ဦး၊ ၃ ဦး ဒဏ်ရာရတယ်၊ ကား ၃ စီး ပျက်စီးတယ်၊ ၃ စီးမှာ ၂ စီးတော့ ပြန်ပြုပြင်မောင်းလို့ရတယ်၊ ၁ စီးကတော့ လေအိုးကွဲ သွားတော့ လေအိုးလဲပြီးမှ ရွေ့လို့ရမယ်၊ မိုင်းကွဲတာက ည ၁ဝ နာရီကျော်မှဖြစ်တာပါ"

ဒဏ်ရာရသူသုံးဦးထဲက မိုင်းစထိမှန်သူနှစ်ဦးကိုတော့ လားရှိုးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ပြော ပါတယ်။

အခုမိုင်းပေါက်ကွဲမှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ပြောပါတယ်။

အလားတူပဲ ဒီနေ့ မနက်ပိုင်း ၅ နာရီအချိန်လောက်ကလည်း ကွမ်လုံနဲ့ချင်းရွှေဟော် သွားရာလမ်းပိုင်းမှာလည်း မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမရှိပေမယ့် လမ်းမီးတိုင်တချိုု့ပျက်စီးခဲ့ပြီး ကွမ်လုံမြို့မှာ လျှပ်စစ်မီးတွေ ယာယီပျက်တောက်ခဲ့တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org