ကျောက်ကမ်းပါး ပြိုကျမှု ရေမဆေးသမား ၂ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ အုပ်စု ဝှေခါကျေးရွာအနီးက နိုင်ငံတော်နဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ အဂ္ဂရတနာ ကုမ္ပဏီလုပ်ကွက်ထဲမှာ မနေ့ ညနေက ကျောက်တောင်ကမ်းပါး ပြိုကျတာကြောင့် အဲဒီလုပ်ကွက်မှာ ကျောက်စိမ်းတူးဖော်နေကြတဲ့ ရေမဆေးသမားတွေထဲက နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဘဇံချောက်မှော်ရွာမှာ မေလ ၅ ရက်နေ့ညက ကျောက်ကြောကမ်းပါးပြိုကျတာကြောင့် မြေပိ ပြီး သေဆုံးခဲ့တဲ့ ရေမဆေးကျောက်ရှာဖွေသူရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာစဉ် Photo: Zaw Moe Htet/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါကျေးရွာအနီးက နိုင်ငံတော်နဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ အဂ္ဂ ရတနာ ကုမ္ပဏီလုပ်ကွက်ထဲမှာ မနေ့ ညနေက ကျောက်တောင်ကမ်းပါး ပြိုကျတာကြောင့် အဲဒီလုပ်ကွက် မှာ ကျောက်စိမ်းတူးဖော်နေကြတဲ့ ရေမဆေးသမားတွေထဲက နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနေရာဟာ အပေါ်ကနေ ဆက်လက်ပြိုကျနိုင်တဲ့ အနေအထားမှာရှိနေတယ်လို့ ကျောက်ကမ်းပါးပြိုကျ တဲ့ နေရာကို သွားရောက်စစ်ဆေးခဲ့တဲ့ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူးမိုင် က ပြောပါတယ်။

"ကမ်းပါးပြိုပြီးမှ သူတို့ကို ကျောက်ခဲတွေလာမှန်တာ၊ ၂ ယောက်သေတယ်၊ တစ်ယောက်ကတော့ ဒဏ်ရာရတယ်၊ ၆ နာရီ ခွဲလောက်ဖြစ်တယ်ဆိုတော့ လူတွေကတော့အများကြီးပါသွားတယ်၊ ဒါပေမဲ့ မနက်ကသွားစစ်တော့ အဲ့ ၃ ယောက်ပဲ၊ ကျန်တဲ့သူက ဘာမှမဖြစ်ဘူး၊  အဲ့နေရာကတော့ နောက် ထပ်ပြန်ဖြစ်ဖို့ရှိသေးတယ်၊ အပေါ်မှာကတော့ မြေစာပုံကြီးက အကြီးကြီးရှိသေးတယ်၊ အဓိကကတော့ ရေမဆေးသမားတွေ ဝင်တူးလို့ဖြစ်တာပေါ့"

ကျောက်ကမ်းပါးပြိုကျမှုကြောင့် ဒဏ်ရာရသူ တစ်ဦးနဲ့ သေဆုံးသူ နှစ်ဦးကို ဖားကန့်ဆေးရုံးကို သယ်ဆောင်ပြီး ကုသမှုတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့မေလကလည်း ဝှေခါ-မှော်သစ်ကုန်းကျေးရွာမှာ ကျောက်ကြောတောင်ကမ်းပါယံပြိုကျလို့ ရေမဆေးကျောက် တူးဖော်ရှာဖွေသူ ဆယ်ဦးကျော် သေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြန်မာနိုင်ငံအနှံ့က လာရောက်လုပ်ကိုင်နေသူတွေ နှစ်သိန်းဝန်းကျင် ရှိပြီး ကျောက်ကြောကမ်းပါယံတွေပြိုကျမှုနဲ့ စွန့်ပစ်မြေစာပုံပြိုကျမှုတွေကြောင့် မကြာခဏ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org