သိမ်းယူမြေအတွက် လျှော်ကြေး သိန်း ၇၃ဝဝ ပေးအပ်

ဟင်္သာတ-ညောင်တုန်း မီးရထား လမ်းဖောက်လုပ်ရာမှာ သိမ်းယူခံထားရတဲ့ ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်က လယ် ယာမြေဧက ၂၀၀ ကျော်အတွက် လျော်ကြေးငွေကျပ် သိန်း ၇၃၀၀ နီးပါး ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ က ဒေသခံ တောင်သူတွေထံ မနေ့က ပြန်လည်ပေးအပ်ခဲ့ ပါတယ်။

ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ ကို ဧပြီလ ၂၅ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ် Photo: Thiha Tun/ RFA

ဟင်္သာတ-ညောင်တုန်း မီးရထားလမ်းဖောက်လုပ်ရာမှာ သိမ်းယူခံထားရတဲ့ ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်က လယ်ယာမြေဧက ၂၀၀ ကျော် အတွက် လျော်ကြေးငွေ ကျပ်သိန်း ၇၃၀၀ နီးပါးကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီက ဒေသခံ တောင်သူတွေထံ မနေ့က ပြန်လည်ပေးအပ် ခဲ့ပါတယ်။

လယ်မြေ တစ်ဧကကို ငွေကျပ် ၁၈ သိန်းနှုန်းနဲ့ လျော်ကြေးပေးတာဖြစ်ပြီး သီးနှံနဲ့ အဆောက်အဦးတွေ အတွက်လည်း လျော်ကြေးပေးတာဖြစ်တယ်လို့ ဇလွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း က ပြောပါတယ်။

"သီနှံလျော်ကြေးတစ်မျိုးပေးတယ်၊ လယ်နဲ့ အဆောက်အဦးအတွက် လျော်ကြေးပေးတယ်၊ မြေက တစ်ဧကကို ၁၈ သိန်းနှုန်းလျော်တယ်"

ဇလွန်မြို့နယ် မြို့ပေါ်ရပ်ကွက်တစ်ခု နဲ့ ကျေးရွာအုပ်စု ၈ အုပ်စုက တောင်သူ ၂၁၇ ဦး ပိုင်ဆိုင်တဲ့ လယ်မြေဧက ၂၀၀ ကျော်အတွက် လျော်ကြေးတွေပြန်ပေး တာဖြစ်ပါတယ်။

ဒါ့အပြင် မတ်ပဲ၊ ကွမ်းနဲ့ ဝါသီးနှံတွေအတွက်လည်း ကာလပေါက်ဈေးနဲ့တွက်ပြီး လျော်ကြေး ပေးတာဖြစ်ပါတယ်။

အဲ့ဒီလျော်ကြေးငွေတွေကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့က ဇလွန်မြို့မှာ မနေ့က ပြန်လည်ပေး အပ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီမီးရထားလမ်းစီမံကိန်းကို လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က စတင်ဖောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ် မေလမှာ စတင်ပြေးဆွဲခဲ့ပြီး ရထားလမ်းမြေတွေ ပြိုကျ တာကြောင့် ပြေးဆွဲမှုကို ရပ်နားထားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org