ကျုံပျော်မှာ ပြည်သူ့စစ်သင်တန်းတက်ခိုင်းနေတာကြောင့် ဒေသခံတချို့တိမ်းရှောင်

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ဒေသအာဏာပိုင်တွေက ပြည်သူ့စစ်သင်တန်းတက်ဖို့ တစ်ရွာကို လူဆယ်ဦးနှုန်း မဲနှိုက်ရွေးချယ်ဖို့ စီစဉ်နေတာကြောင့် သင်တန်းမတက်ချင်တဲ့ ဒေသခံတချို့ တိမ်းရှောင်တာတွေရှိလာတယ်လို့ ကျုံပျော်မြို့ခံတွေက ဇန်ဝါရီလ ၁၇ ရက်မှာ RFA ကိုပြောပါတယ်။

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့မစျေးအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ ကျုံပျော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ဒေသအာဏာပိုင်တွေက ပြည်သူ့စစ်သင်တန်းတက်ဖို့ တစ်ရွာကို လူဆယ်ဦးနှုန်း မဲနှိုက်ရွေးချယ်ဖို့ စီစဉ်နေတာကြောင့် သင်တန်းမတက်ချင်တဲ့ ဒေသခံတချို့ တိမ်းရှောင်တာတွေရှိလာတယ်လို့ ကျုံပျော်မြို့ခံတွေက ဇန်ဝါရီလ ၁၇ ရက် မှာ RFA ကိုပြောပါတယ်။

ကျုံပျော်မြို့နယ်က မိုးကြိုးပစ်ရွာ၊ အိုင်မရွာစတဲ့ ကျေးရွာတွေအပြင် မြို့နဲ့အနီးဝန်းကျင်က ရွာတွေမှာ ဇန်နဝါရီလ ၁၅ ရက်နေ့ကစလို့ ပြည်သူ့စစ်သင်တန်းတက်ဖို့ ဖိအားပေး ခေါ်ယူနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

တစ်ရွာကို ဆယ်ဦးနှုန်းခေါ်ယူပေမယ့် တစ်မြို့နယ်လုံးဆိုရင်တော့ ပြည်သူ့စစ်သင်တန်း တက်ရမယ့် လူအင်အား ရာဂဏန်းအထိ ဖြစ်လာနိုင်တယ်လို့ ကျုံပျော်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"ရပ်ကွက်ဆို ရပ်ကွက်၊ ကျေးရွာဆို ကျေးရွာ၊ တစ်ပိုင်းချင်း ရှိတာကိုး။ တစ်ပိုင်းမှာ ဆယ်ယောက်ဆို ဆယ်ယောက် ရွေးထုတ်ရတယ်။ တစ်ပိုင်းထဲမှာ အိမ်ခြေက တစ်ရာမကပါဘူး။ တစ်ရာမကတဲ့ဟာကို သူက ဆယ်ယောက်စီပဲ ရွေးထုတ်တာ။ ကျွန်တော်တို့မြို့မှာဆို လူပေါင်းနှစ်ရာ သုံးရာလောက်လောက် ထွက်မှာပေါ့"

ပြည်သူ့စစ်သင်တန်းမတက်ချင်တာကြောင့် တိမ်းရှောင်နေကြတဲ့ ဒေသခံတွေရဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအောင်သိန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း ငပုတောမြို့နယ်ထဲက ငရုတ်ကောင်းမြို့၊ ဟိုင်းကြီးကျွန်း အပါအဝင် ဒီဒူးကုန်း၊ သဲဖြူ၊ သစ်ရောင်၊ မိုးတိမ်မျှင်၊ သံပတ်ကွင်း၊ ဆင်ငံ စတဲ့ရွာတွေမှာ ပြည်သူ့စစ်သင်တန်းအတွက် တစ်ရွာကို လူငါးဦးပေးဖို့ အုပ်ချုပ်ရေးမှူးတွေ က တစ်ဆင့် တောင်းခံတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org