ဦးကျော်သူ မက်ဆေးဆေးဆု လက်ခံ

နာရေးကူညီမှုအသင်းကို ဦးစီးဆောင် ရွက်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူကို ၂၀၁၅ ခုနှစ် အတွက် Ramon Magsaysay ဆု ဖိလစ်ပိုင် သမ္မတ က မနေ့က ချီးမြှင့်လိုက်ပါတယ်။

Ramon Magsaysay ဆုကို လက်ခံရယူဖို့ ဖိလစ်ပိုင်နိုင်ငံကိုရောက်ရှိနေတဲ့ ဦးကျော်သူ(အလယ်)ကို သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Thu Facebook

နာရေးကူညီမှုအသင်းကို ဦးစီးဆောင်ရွက်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူကို ၂၀၁၅ ခုနှစ် အတွက် Ramon Magsaysay ဆု ဖိလစ်ပိုင် သမ္မတက မနေ့က ချီးမြှင့်လိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အဲဒီ ဆုပေးပွဲအခမ်းအနားမှာ ဖိလစ်ပိုင်သမ္မတ Benigno Aquino ကိုယ်တိုင် တက်ရောက်ပြီး ဆုချီးမြှင့်ခဲ့တာဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲ၊ ချမ်းသာ၊ လူမျိုး၊ ဘာသာမရွေး နာရေးကိစ္စ အတွက် ဘဝနှစ်မြှပ် ဆောင်ရွက်ပေးနေတဲ့ အတွက် ရွေးချယ်ခဲ့ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ပြောကြား ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ တတိယမြောက်သမ္မတ Ramon Magsaysay ကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၅၈ ခုနှစ်ကစပြီး၊ အာရှ တိုက်က လူမှုရေးရာ၊ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာကိစ္စတွေအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေ ကြတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့ အစည်းတွေကို ရွေးချယ်ပြီး နှစ်စဉ် ချီးမြှင့်လာခဲ့ရာမှာ ဒီနှစ် ၅၇ ကြိမ် တိုင်ခဲ့ပြီဖြစ် ပါတယ်။

မြန်မာနိုင်ငံသားထဲက Ramon Magsaysay ဆု ချီးမြှင့်ခံရသူပေါင်း ဦးကျော်သူ အပါအဝင် ၆ ဦးရှိသွားပြီ ဖြစ်ပါ တယ်။

၁၉၅၉ ခုနှစ်က သမိုင်းပညာရှင် ဂျီအိတ်ချ်လုစ်ရဲ့ဇနီး ဒေါ်တီတိလုစ်နဲ့ နေးရှင်း သတင်းစာတည်ထောင်သူ အယ်ဒီတာချုပ် ဦးလောရုံ တို့ ပထမဆုံး ရွေးချယ်ချီးမြှင့် ခံရပြီး၊ အဲဒီနောက်ပိုင်း ဒေါက်တာ စင်သီယာမောင်၊ ကစောဝါး၊ လဖိုင်ဆိုင်းရော်နဲ့ ဒီနှစ် အတွက် ဦးကျော်သူတို့ ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်အတွက် ချီးမြှင့်ခံရသူတွေထဲမှာ ဦးကျော်သူနဲ့ အတူ လာအိုနိုင်ငံသူ တစ်ဦး၊ ဖိလစ်ပိုင် နိုင်ငံသူတစ်ဦးနဲ့ အိန္ဒိယနိုင်ငံသား နှစ်ဦး တို့ပါဝင်ပါတယ်။

ဆုချီးမြင့်ခံရသူတွေဟာ ဂုဏ်ပြုဆုနဲ့အတူ ဒေါ်လာငွေ ၃ သောင်းကိုလည်း အသီးသီး ရရှိမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org