ကျောက်ဆည်ရေဘေး လူတစ်ထောင်ကျော် နေရာရွှေ့ပြောင်းရ
မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ ဒီရက်ပိုင်း အတွင်း မိုးသည်းထန်နေပြီး ဆည်ရေ ဖေါက်ချလိုက်တာကြောင့် တမြို့လုံးနီးပါး ရေလွှမ်းကာ မြို့ခံ (၁၃၀၀) ကျော် အိုးအိမ်စွန့်ပြီး ရှောင်တိမ်းခဲ့ရကြောင်း လူမှုကူညီရေး ဆောင်ရွက်နေတဲ့ မြို့ခံတဦးက RFA ကို ပြောပါတယ်။
-
2011-10-20 -
-
-
မိုးအဆက်မပြတ် ရွာသွန်းကာ ဆည်ရေမထိန်းနိုင်တော့ပဲ ဖောက်လွှတ်ပစ်လိုက်၍ မန္တလေးတိုင်း အချို့ဒေသများတွင် ရေလျှံနေပုံ ဖြစ်ပါသည်။ (Photo: RFA Listener)
(Photo: RFA Listener)
အတည်မပြုနိုင်သေးတဲ့ နောက်ဆုံးရ သတင်းတွေအရ လူအသေအပျောက် ရှိတယ်လို့ သိရပါတယ်။
အောက်တိုဘာ လဆန်းပိုင်းကလည်း ဇော်ဂျီမြစ်နဲ့ မြစ်ငယ်မြစ် ရေကြီးလာတာကြောင့် ကျောက်ဆည်မြို့ရေလွှမ်းသွားခဲ့ရပြီး သောက်သုံးရေ အပါအဝင်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ် လိုအပ်ခဲ့ ပါတယ်။
လတ်တလော ဖြစ်ပေါ်နေတဲ့ ကျောက်ဆည် ရေဘေးသင့် ပြည်သူတွေ အတွက် မန္တလေးမြို့ခံတွေက တတ်နိုင်တဲ့ အကူအညီတွေ ပေးပို့နေတယ်လို့ သိရပါတယ်။