လက်နက်ကြီးပေါက်ကွဲ မှုကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ဖာ လုံကျေးရွာက နေအိမ်တစ်လုံးအပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ တာကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၅ ဦးကို လားရှိုးဆေး ရုံမှာ ဆေးကုသနေပါတယ်။

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့အဝင်ကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ဖာလုံကျေးရွာက နေအိမ်တစ်လုံးအပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲ ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၅ ဦးကို လားရှိုးဆေးရုံမှာ ဆေးကုသနေပါတယ်။

ကလေးငယ် ၄ ဦးနဲ့ အဖွားအို ၁ ယောက် ထိမှန်ခဲ့တာဖြစ်ပြီး ကွတ်ခိုင်ကနေတဆင့် လားရှိုးဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဗြဟ္မစိုရ် နှလုံးသားလူမှုကူညီမှုအသင်းက ကိုဝေယံက ပြောပါတယ်။

"ကလေး ၄ ဦး နောက်ပြီးတော့ အဖွားကြီး ၁ ယောက် နည်းနည်းကြီးတဲ့ကလေးက ခေါင်းထိထား တယ်၊ ကျန်တဲ့သူတွေက ခေါင်းရယ် ဘယ်ဘက်ပေါင်ခြမ်းရယ်ထိကြတယ်၊ အဖွားကြီးက ခေါင်းထိ ထားတယ်၊ ကြီးတဲ့ကလေးက နည်းနည်းစိုးရိမ်ရတယ်၊ ဒီနေ့မနက်ပဲ ကွတ်ခိုင်ဆေးရုံကနေ လားရှိုးဆေးရုံကို ပို့လိုက်ရတယ်"

အဲဒီနေအိမ်ပေါ် ကျရောက်တဲ့ လက်နက်ကြီးကို ကေအိုင်အေအဖွဲ့က ပစ်ခတ်တာဖြစ်တယ်လို့ မြဝတီ သတင်းဌာနက ရေးသားထားပါတယ်။

မနေ့ညပိုင်းက နမ့်ဖာလုံကျေးရွာအနီး အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ် ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org