အမေရိကန်၏ မြန်မာအစိုးရနှင့် ဆက်ဆံရေးမူ မအောင်မြင်သေး

၂၀၀၈ခုနှစ်မှာ တက်လာတဲ့ အမေရိကန်သမတ အိုဘားမားအစိုးရက မြန်မာပြည်ဆိုင်ရာ အမေရိကန်ရဲ့မူဝါဒ အချို့ကို ပြောင်းလဲပြီး ထိတွေ့ဆက်ဆံရေးမူရော ပြစ်ဒဏ်ခတ် ပိတ်ဆို့ရေးမူကိုပါ တပြိုင်နက်တည်း သုံးခဲ့ရာမှာ အခုချိန်ထိတော့ ထိတွေ့ဆက်ဆံရေး မူဝါဒ အောင်မြင်မှု မရသေးဘူးလို့ ဧပြီ ၂၅ ရက်နေ့မှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကတ် ကင်းမ်ဘဲလ် ကိုယ်တိုင် ဝန်ခံပြောဆိုသွားပါတယ်။

2011.04.27
kurt_campbell_305_z.jpg အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကတ် ကင်းဘဲလ်။ (Photo: AFP)
(Photo: AFP)

ဒါပေမဲ့ အခုတက်လာတဲ့ မြန်မာအစိုးရသစ်ကို သူတို့အနေနဲ့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြန်မာ့အရေးကို အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျိုးဆက်ဖ် ယွန် က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြသသွားတဲ့ Burma Soldier မှတ်တမ်းရုပ်ရှင်ပြပွဲ အပြီးမှာ ပြောကြားသွားပါတယ်။

Mr. Joe Yun ရှင်းပြတဲ့ မြန်မာပြည်ဆိုင်ရာ အမေရိကန်မူဝါဒသဘောထားနဲ့ လုပ်ဆောက်ချက်တွေအကြောင်း RFA မှ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အမေရိကန်မူဝါဒ
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။