ကိုလိုနီစနစ်အောက်က လွတ်မြောက်ချိန်ကနေ စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဟာ လက်ရှိ နိုင်ငံရဲ့ ကံကြမ္မာကို ဖန်တီးပုံဖော်နေဆဲဖြစ်တယ် လို့ ထင်ရှားတဲ့ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက နိုင်ငံတကာဆွေးနွေးပွဲ တစ်ခုမှာ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ ငြိမ်းချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံသစ်တစ်ခု တည်ထောင်နိုင်ဖို့ဆိုရင် ဒီအတိတ်ကကျန်တဲ့ အမွေဆိုးတွေရဲ့ လွှမ်းမိုးမှုကနေ ဖောက်ထွက်ဖို့ လိုတယ်လို့ သူက သုံးသပ်ပါတယ်။
ဒေါက်တာသန့်မြင့်ဦးရဲ့ ဆွေးနွေးသုံးသပ်ချက် အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။