သတင်းထောက် ကိုပါကြီး သေ ဆုံးမှု လူ ၅ဝ ကျော် စစ်ဆေး

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်က အလွတ်သတင်းထောက် ကိုပါ ကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ ပတ်သက်သူ ၅ဝ လောက်ကို မော်လမြိုင်မြို့မှာ ၃ ရက်ကြာ သွားရောက်စစ်ဆေးခဲ့ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို နိုဝင်ဘာ ၅ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့ ရွှေဝါချောင်းကျေးရွာအနီးက လယ်ကွင်းပြင် ထဲမှာ တူးဖော်ခဲ့စဉ် Photo: Kyaw Lwin Oo/RFA

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ပတ်သက်သူ ၅ဝ လောက်ကို မော်လမြိုင်မြို့မှာ ၃ ရက်ကြာ သွားရောက်စစ်ဆေးခဲ့ပါတယ်။

ဒုတိယအကြိမ်မြောက် စစ်ဆေးချက်မှာ အမှုနဲ့ ပါဝင်ပတ်သက်နေတဲ့ တပ်မတော်အရာရှိတွေကို လွတ်လွတ်လပ်လပ်လပ် စစ်ဆေးနိုင်ခဲ့တယ် လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖဲ့ွဝင် ဒေါက်တာ ဉာဏ်ဇော်က ပြောပါတယ်။

"ကျနော်တို့ ဒီအမှှုဟာဆိုလို့ရှိရင် ကျနော်တို့ရဲ့ တတိယမြောက်အမှှုဖြစ်ပါတယ်၊ တပ်မတော် ပါဝင်ပတ်သက်တဲ့အမှှုထဲမှာ ဒီဥစ္စာတော့ အမှှုထဲမှာ ပိုပြီးတော့ခေါ်ချင်တဲ့ သက်သေ တပ်မတော်သားတွေ ခေါ်လို့ရတာတွေ့ရပါတယ်၊ အတားအဆီးအခက်အခဲတွေ မတွေ့ရပါဘူးခင်ဗျ၊ အခုအချိန်အထိ ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်၊ ကျနော်တို့ကတော့ ဥပဒေကို တရားသူကြီး၊ တရားရုံးတွေလို ဆုံးဖြတ်လို့မရပါဘူး၊ ကျနော်တို့က အကြံပြုုဖို့ပဲရှိပါတယ်၊ အကြံပြုပြီးတော့ သူတို့ဆောင်ရွက်ချက်တွေကို ကျနော်တို့က ပြန်တောင်းဆိုရမှာဖြစ်ပါတယ်"

တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ကိုပါကြီးဟာ KKO အဖွဲ့ ပြန်ကြားရေးတာဝန်ခံ အရာရှိတစ် ဦးဖြစ်ကြောင်း ဖော်ပြချက်နဲ့ပတ်သက်ပြီး အခုချိန်ထိစစ်ဆေးချက်တွေအရ သက်သေမရ ရှိသေးကြောင်း ဒေါက်တာဉာဏ်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ၁၅ ရက်နေ့အထိ စစ်ဆေးချက်မှာ အစိုးရတပ်မတော်က တာဝန်ရှိသူတွေ၊ ဒေသခံတွေ၊ ဘားအံမြို့က အလွတ်သတင်းထောက်တစ်ဦးနဲ့ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကို စစ်ဆေးခဲ့ တယ်လို့ ဒေါက်တာဉာဏ်ဇော်က ဆိုပါတယ်။

ကိုပါကြီးအမှုအတွက် စစ်ဆေးမေးမြန်းထားသူ စုစုပေါင်း ၅ဝ ကျော်ရဲ့ ထွက်ဆိုချက်တွေကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖဲ့ွဝင်တွေက စစ်ဆေးပြီး နိုင်ငံတော်သမ္မတထံ အစီရင်ခံစာတင်မှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org