ကိုပါကြီးအလောင်း တူးဖော် ၊ နှိပ်စက်ရင်း လက်လွန် မှုဖြစ်နိုင်ကြောင်း ရှေ့နေပြော

အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို ဒီကနေ့ နေ့လယ်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောမြို့ အနီး ရွှေဝါချောင်းကျေးရွာအနီး လယ်ကွင်းပြင်ထဲမှာ တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို နိုဝင်ဘာ ၅ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့ ရွှေဝါချောင်းကျေးရွာအနီးက လယ်ကွင်းပြင် ထဲမှာ တူးဖော်ခဲ့စဉ် Photo: Kyaw Lwin Oo/RFA

အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို ဒီကနေ့ နေ့လယ်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောမြို့ အနီး ရွှေဝါချောင်းကျေးရွာအနီး လယ်ကွင်းပြင်ထဲမှာ တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကိုပါကြီးကို ညှင်းပန်းနှိပ်စက်ရင်း လက်လွန်သွား တာ ဖြစ်နိုင်ကြောင်း၊ ကိုပါကြီးရဲ့အလောင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ အကူအညီနဲ့ ရန်ကုန်ကို ပြန်သယ်မှာဖြစ်ကြောင်း အလောင်းဖော် ရာနေရာကိုရောက်ရှိခဲ့တဲ့ ဒီအမှုကို လိုက်ပါဆောင် ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ပြည်နယ်မှုခင်းဆရာဝန်ကြီးကို မေးတဲ့အခါမှာ ကျတော့ သူတို့လုပ်ပြီးသွားလို့ရှိရင် ဆေးရုံအုပ်ကြီး ကနေတဆင့် ဒါကိုသြင်္ဂိုလ်ခွင့်အတွက် ပြန်လည် ထုတ်ပေးမှာဖြစ်ပါတဲ့၊ ကျနော်တို့ကို နာရေးကူညီမှု အသင်းက ဦးကျော်သူက အကုန်လုံးကူညီထားပါတယ်၊ ဒီနေ့လည်း ကားနှစ်စီး ကျနော်တို့ကိုပေးထားပါတယ်၊ အဲ့ဒါနဲ့ ရန်ကုန်ကို သယ်လာမှာပါ"

ဒီနေ့ အလောင်းဖော်ရာမှာ ကိုပါကြီးရဲ့ မိသားစုဝင်တွေ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ တပ်မတော်နဲ့ ခရိုင်ရဲတပ်ဖွဲ့ဝင်အရာရှိကြီးတွေနဲ့အတူ ဒေသခံနိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အပါအဝင် သတင်းမီဒီယာတွေလည်း ရောက်ရှိခဲ့တယ်လို့ ပြောပါတယ်။

ကိုပါကြီးရဲ့ အလောင်းဟုတ်၊ မဟုတ်နဲ့ ကိုပါကြီး ဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာတွေကို မော်လမြိုင်ဆေးရုံကြီးမှာ မှုခင်းဆရာဝန်ကြီးတွေက အသေးစိတ်ခွဲစိတ်အတည်ပြုချက်ယူရမှာ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org