တရားရုံးချိန်းပျက်ကွက်သူ တရားသူကြီးတွေကို ဦးကိုကိုကြီး ဝေဖန်

တောင်ဥက္ကလာပမြို့နယ် ၉ရပ်ကွက်က သိမ်းဆည်းခံထားရတဲ့ ကစားကွင်းမြေနေ ရာ ပြန်လည်ရရှိဖို့ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် အမှုဖွင့် ခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်း က ဦးကိုကိုကြီးအပါအဝင် ၅ဦးဟာ တောင်ဥက္ကလာပမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဒီနေ့မနက်က သွားရောက်ခဲ့ရာ တရားသူကြီး ရောက်မလာတဲ့အတွက် ပြန်လာခဲ့ကြပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းက ဦးကိုကိုကြီးကို ဇွန်လ ၁၅ ရက်နေ့က တောင်ဥက္ကလာပမြို့နယ် တရားရုံးမှာတွေ့ရစဉ် Photo: Kyaw Zaw Win/RFA

တောင်ဥက္ကလာပမြို့နယ် ၉ရပ်ကွက်က သိမ်းဆည်းခံထားရတဲ့ ကစားကွင်းမြေနေရာ ပြန်လည်ရရှိဖို့ ဆန္ဒပြတောင်း ဆိုခဲ့တာကြောင့် အမှုဖွင့်ခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းက ဦးကိုကိုကြီးအပါအဝင် ၅ဦးဟာ တောင်ဥက္ကလာပမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဒီနေ့မနက်က သွားရောက်ခဲ့ရာ တရားသူကြီး ရောက် မလာတဲ့အတွက် ပြန်လာခဲ့ကြပါတယ်။

တရားသူကြီးတွေက တရားရုံးကို မလေးစားသလိုဖြစ်နေတာကို လက်မခံနိုင်တာကြောင့် တရားရုံးကနေ ပြန်လာ ခဲ့တာဖြစ်တယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

"ကျနော်တို့ တရားရုံးကို လေးလေးစားစားနဲ့ ချိန်းဆိုတဲ့အတိုင်း အချိန်အတိအကျရောက်အောင်သွားတယ်၊ ဒီတခါ တရားရုံးကို မလေးစားတာက တရားသူကြီးတွေကိုယ်တိုင် ဖြစ်နေတဲ့အတွက်ကြောင့် ဒါကိုကျနော်တို့ လက်မခံနိုင်ကြောင်း ပြသတဲ့အနေနဲ့ နာရီဝက်တိတိစောင့်ပြီးတဲ့အချိန်မှာ ကျနော်တို့ပြန်လာခဲ့တာဖြစ်တယ်"

တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနဲ့ ဝေဇယန္တာလမ်းထောင့်က ပေ ၁၀၀ ကျော်တဲ့ အများပိုင်အားကစားကွင်း နဲ့ပန်းခြံကို ပြီးခဲ့တဲ့နှစ်မှာ မြို့တော်ဝန်က သိမ်းဆည်းခဲ့ပြီး ပြည်ထောင်စု ကြံံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပါတီပိုင်ရှစ်ထပ်အဆောက်အဦး ဆောက်လုပ်နေတာဖြစ်ပါတယ်။

အများပိုင်နေရာမှာ ပါတီပိုင်အဆောက်အဦးဆောက်လုပ်တာကို ရပ်ဆိုင်းပေးဖို့အတွက် ဦးကိုကိုကြီး၊ ဒေါက် တာစောနိုင်၊ ကိုနိုင်ကိုလင်း၊ ဦးအောင်မော်နဲ့ ဦးမုန်းခက်တို့က ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့အတူ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

မြို့နယ်ရဲစခန်းက ကျိုက္ကဆံဟစ်တိုင်မှာ ဆန္ဒပြဖို့ခွင့်ပြုပေမယ့် ဦးကိုကိုကြီးတို့က အဆောက်အဦးဆောက်လုပ်နေတဲ့ အားကစားကွင်းရှေ့မှာ ဆန္ဒပြဟောပြောခဲ့တဲ့အတွက် သူတို့ ၅ဦးကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်တာဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ဦးကိုကိုကြီးက ကိုယ်ပိုင်ခံဝန်ရေးထိုးမှာမဟုတ်သလို အာမခံလည်းယူမှာမဟုတ်ကြောင်း သတင်းမီဒီယာတွေကို ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org