ရခိုင်အကြံပေးအဖွဲ့ အတွင်းရေးမှူးဟောင်းရဲ့ ဝေဖန်ပြောဆိုမှု ဥက္ကဌတုံ့ပြန်
ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းရေးအတွက် မြန်မာနိုင်ငံအစိုးရက ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ကနေ မကြာခင်က နုတ်ထွက်သွားခဲ့တဲ့ အတွင်းရေးမှူးဟောင်းရဲ့ အဖွဲ့အပေါ် ဝေဖန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ ဥက္ကဌ က တုံ့ပြန်ငြင်းဆိုလိုက်ပါတယ်။
-
2018-07-23 -
-
-
ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းရေးအတွက် မြန်မာနိုင်ငံအစိုးရက ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာအကြံပေးအဖွဲ့ကနေ မကြာခင်က နုတ်ထွက်သွားခဲ့တဲ့ အတွင်းရေးမှူးဟောင်းရဲ့ အဖွဲ့အပေါ် ဝေဖန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ ဥက္ကဌ က တုံ့ပြန်ငြင်းဆိုလိုက်ပါတယ်။
ရခိုင်အရေး နိုင်ငံတကာအကြံပေးကော်မတီကို ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဆူရာကီးရတ်က ဦးဆောင်နေပြီး အခုနုတ်ထွက်သွားတဲ့ ထိုင်းသံ အမတ်ဟောင်း ကိုဆက်ချူတီကူးက အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့တာပါ။ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ရခိုင်အရေး အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရေးကော်မတီကို အကြံပြုချက်တွေပေးဖို့ အဲဒီကော်မတီကို ဖွဲစည်းခဲ့တာ ဖြစ်ပါတယ်။
နုတ်ထွက်သွားခဲ့တဲ့ ထိုင်းသံအမတ်ဟောင်း ကိုဆက်ချူတီကူး က ဇန်နဝါရီလက စတင်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာ အကြံပေးကော်မတီအနေနဲ့ ဖွဲ့စည်းပြီး ၆ လ အတွင်း ရခိုင်ပြဿနာဖြေရှင်းရေးအတွက် ထိထိရောက်ရောက် တိုးတက်မှုမရှိသလောက်ဖြစ်နေကြောင်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း ရုံးခန်းဖွင့်ခွင့်မရတာ၊ နိုင်ငံတကာ အထောက်အပံ့ယူခွင့်မရှိတာ၊ စစ်တပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်မရတာ စတာတွေကြောင့် နုတ်ထွက် လိုက်တာလို့လည်းပြောပါတယ်။
နိုင်ငံတကာအကြံပေးကော်မတီ ဥက္ကဌ ထိုင်း ဒုတိယဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဆူရာကီးရတ် ကတော့ အဲဒီ စွပ်စွဲချက်ဟာ မဟုတ်မမှန် မတရားသဖြင့် စွပ်စွဲချက်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးအတွက် မြန်မာ အစိုးရအနေနဲ့ ကုလသမဂ္ဂဌာနနှစ်ခုနဲ့အတူ ဒုက္ခသည်တွေ ပြန်လာရေးကိစ္စ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန် မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့လည်း ထိတွေ့ ဆောင်ရွက်နေတဲ့အပြင်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်တွေကို နိုင်ငံတွင်းဖိတ်ကြားတာ၊ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုဖို့ ဝန်ကြီးတဦး စေလွှတ်ခဲ့တာတွေ ဆောင်ရွက်ခဲ့ကြောင်း ပြောပါတယ်။