သင်တန်းဆင်း စစ်သည်တွေ ပြည်သူကို ကာကွယ်ပေးဖို့ KNPP ပြော

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်ရာနယ်မြေ၊ တလဲဒူဆို (ခ) ညာမိုဒေသမှာ ကရင်နီစစ်သင်တန်း အပတ်စဉ် (၇၀) မြောက် သင်တန်းဆင်းပွဲကို ဇွန်လ ၂၅ ရက် ဒီနေ့ မနက်ပိုင်း ပြုလုပ်ခဲ့ပါတယ်။

ကရင်နီ စစ်သင်တန်းဆင်းပွဲကို ၂၀၂၁ ဇွန်လ ၂၅ ရက်နေ့ကလုပ်ခဲ့စဥ်
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်ရာနယ်မြေ၊ တလဲဒူဆို(ခ)ညာမိုဒေသမှာ ကရင်နီ စစ်သင်တန်း အပတ်စဉ်(၇၀)မြောက် သင်တန်းဆင်းပွဲကို ဇွန်လ ၂၅ ရက် ဒီနေ့ မနက်ပိုင်း ပြုလုပ်ခဲ့ပါတယ်။
 
ဒီနေ့ဆင်းတဲ့ အပတ်စဉ်(၇၀)မြောက် သင်တန်းမှာ စစ်သင်တန်းလာတက်တဲ့ သင်တန်းသား အယောက် ၁၆၀ ကျော် သင်တန်းဆင်းသွားပါတယ်။
 
KNPP ရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်မှူးချုပ် အောင်မြတ် ကတော့ သင်တန်းဆင်းသွားတဲ့ ရဲဘော်တွေအနေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ပဲ ပြောချင်တယ်လို့ သင်တန်းဆင်းပွဲမှာ RFA ကို ပြောပါတယ်။
 
ဒါ့အပြင် ပြည်တွင်းမှာရှိနေကြတဲ့ ပြည်သူတွေအနေနဲ့လည်း စည်းလုံးညီညွတ်ဖို့နဲ့ အမျိုးသားသစ္စာဖောက်တွေ ဝင်လာနိုင်တာကို သတိထားကြဖို့ ပြောချင်တယ်လို့လည်း ဗိုလ်မှူးချုပ် အောင်မြတ် က ပြောပါတယ်။
 
လက်ရှိ ကယားပြည်နယ်(ကရင်နီပြည်)မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့က မြို့ပေါ် ပြည်သူတွေ အပါအဝင် ကရင်နီပြည်က ဒေသခံ တစ်သိန်းကျော် ထွက်ပြေးပုန်းရှောင်နေရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org