တစ်နိုင်ငံလုံးအပစ်ရပ်ရေး ကြေညာပေးဖို့ KIO တိုက်တွန်း

တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကြေညာပေးဖို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့က လိုလားတဲ့အကြောင်း မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ၂၀၁၈၊ ဒီဇင်ဘာ ၂၂ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ် .

တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကြေညာပေးဖို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့က လိုလားတဲ့အကြောင်း မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

စစ်တိုင်း ၅ ခုမှာ ၄ လကြာ အပစ်အခတ်ရပ်စဲထားပြီး၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းဆွေးနွေးမယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကြေညာလိုက်တဲ့အတွက် နေရာကွက်ပြီး အပစ်ရပ်တာမျိုးမဟုတ်ဘဲ၊ တစ်နိုင်ငံလုံးမှာ အပစ်ရပ်ဖို့ KIO အဖွဲ့က တောင်းဆိုလိုက်တာပါ။

အပစ်ရပ်ထားမယ်လို့ ကြေညာလိုက်တာကလည်း ထာဝရတည်မြဲမယ့် ငြိမ်းချမ်းရေးရဖို့ အထောက် အကူပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း KIO ကဆိုပါတယ်။ ပြည်တွင်းစစ်ကို နိုင်ငံရေးအရ ဆွေးနွေးတဲ့နည်းနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ KIO မှာ မူချထားတဲ့အတိုင်း တပ်မတော် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ဆန္ဒရှိတယ်လို့လည်း KIO က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org