KIO နဲ့ နိုင်ငံရေးအရဆွေးနွေးဖို့ ၁၁ ဦးကော်မတီ မြန်မာအစိုးရ ဖွဲ့စည်း
ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ အစိုးရဘက်က အဖွဲ့ဝင် ၁၁ ဦးပါ ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီးကြောင်း အစိုးရက KIO ကို ဒီဇင်္ဘာ ၁၈ ရက်က အကြောင်းကြားခဲ့တယ်လို့ KIO အဖွဲ့က ပြောပါတယ်။
-
2011-12-20 -
-
-
Your browser doesn’t support HTML5 audio
အခု အဖွဲ့ဟာ ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ဖြစ်ကြောင်း KIO ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
အစိုးရက ပေးပို့လာတဲ့စာမှာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်ရန် အကြောင်းကြားထားပြီး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း လက်မှတ်ရေးထိုး ထားတယ်လို့ ဆိုပါတယ်။
အဲဒီစာမှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တာဝန်ပေးအပ်ပြီး ဖြစ်ကြောင်း ပါရှိပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က KIO အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည် ရွှေလီမြို့မှာ ဆွေးနွေးတဲ့အခါ နှစ်ဦးနှစ်ဘက် သဘောတူညီချက် တစ်စုံတစ်ရာ မရခဲ့ပေမယ့် အစိုးရဘက်က ဆက်လက်ဆောင်ရွက်နေပါတယ်။
အခု ပေးပို့လာတဲ့ စာနဲ့ပတ်သက်ပြီး KIO ဘက်ကလည်း ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
ဗိုလ်မှူးချုပ် ဂွမ်မော်နဲ့ အာရ်အက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ် မေးမြန်းထားတာကို တစ်ဆက်တည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |