မူဆယ်ခရိုင် ဆရာမနှစ်ဦး အသတ်ခံရမှု စစ်သားတွေကို စစ်ဆေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ခရိုင်၊ ကောင်းခါးကျေးရွာက ကျောင်း ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့အမှုနဲ့ ပတ်သက်ပြီး မူဆယ်ခရိုင်ရဲတပ်ဖွဲ့က အမြန်ဆုံး အမှု မှန်ပေါ်ပေါက်အောင် ဆောင်ရွက်ဖို့ နေပြည်တော် အထူးရဲတပ်ဖွဲ့က ညွှန်ကြားထားပါတယ်။

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာမှာ အသတ်ခံရတဲ့ ဆရာမ မရမ်လုရာနှင့် ဆရာမ တန်ဘောင်ခေါန်ဒင့် တို့ပုံ .

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကောင်းခါးကျေး ရွာက ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံခဲ့ရတဲ့ အမှုနဲ့ပတ်သက်ပြီး မူဆယ်ခရိုင်ရဲတပ်ဖွဲ့က အမြန်ဆုံး အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက် ဖို့ နေပြည်တော်အထူးရဲတပ်ဖွဲ့က ညွှန်ကြားထားပါ တယ်။

ဆရာမနှစ်ဦး သေဆုံးတဲ့နေရာအနီးမှာရှိတဲ့ အစိုးရစစ်တပ် ခမရ ၅ဝ၃ တပ်ရင်းက စစ်သားတွေကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့ က ဒီနေ့ စစ်ဆေးခဲ့တယ်လို့ အမှုမှန်ပေါ်ရေး လိုက်ပါဆောင်ရွက်နေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။

"အခုတော့ နေပြည်တော်ကဗျူဟာမှူး တိုင်းကိုညွှန်ကြားချက်နဲ့ သူတို့စစ်ဆေးမှုတော့ လုပ်နေပါတယ်၊ အဲ့ဒီမှာရှိတဲ့ စစ်ကြောင်း ခမရ ၅ဝ၃ ကိုပေါ့နော်၊ အဲ့ဒါကို သူတို့ရဲဘော်တွေကိုတော့ စစ်နေပါတယ်၊ သူတို့တော့ သူတို့မဟုတ်ဘူး လို့တော့ ထွက်ဆိုတာပေါ့၊ နေပြည်တော်ရဲက အမိန့်ချပြီးမှ အခုဒီမှာအမှုမှန်ကို အမြန်ဖော်ထုတ်ဖို့ အထက်ကအဲ့လို ညွှန်ကြားလာတယ်"

မြစ်ကြီးနားမြို့အခြေစိုက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က နှစ်စဉ်ကောင်းခါးကျေးရွာမှာ စာသင်ကြားဖို့ ဆရာ၊ ဆရာမတွေ စေလွှတ်နေတာဖြစ်ပါတယ်။ အဓမ္မပြုကျင့် အသတ်ခံရတဲ့ ဆရာမနှစ်ဦးဟာ အဲ့ဒီ ကျေးရွာစာသင်ကျောင်း မှာ တာဝန်ယူနေတာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

သေဆုံးသူ ဆရာမနှစ်ဦးကို ဒီလ ၂၃ ရက်နေ့ မြစ်ကြီးနားမြို့မှာ သြင်္ဂိုဟ်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org