မြန်မာ့တပ်မတော်က အနည်းဆုံး ဗိုလ်မှူး (၁) ဦးနဲ့ တပ်သား (၂) ဦးကျဆုံး

ကချင်ပြည်နယ် မံစီမြို့နယ်တွင်းမှာ မနေ့ နေ့လည်ပိုင်းက မြန်မာအစိုးရတပ် ခမရ(၃၄၈)နဲ့ KIAတပ်ရင်း(၂၁)တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ မြန်မာအစိုးရ တပ်ဖက်က အနည်းဆုံး ဗိုလ်မှူးတဦးနဲ့ တပ်သား(၂)ဦး သေဆုံးကြောင်း အဲဒီ ဒေသမှာရှိတဲ့ KIA တပ်ဖွဲ့ဝင်တဦးက RFAကို ပြောဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။ RFA

KIOနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ဇူလိုင်လ (၁၂) နဲ့ (၁၃) နှစ်ရက်ကြာ ဆွေးနွေးမှု နောက်ပိုင်း ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုဖြစ်ပွားလာတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း တရုတ်မြန်မာ နယ်စပ်ကို ထွက်ပြေး ရောက်ရှိလာတဲ့ ကချင်စစ်ပြေးဒုက္ခသည် တစ်သောင်း ခြောက်ထောင်ကျော်ဟာ အစာရေစာ ဆေးဝါး လိုအပ်တဲ့ပြဿနာနဲ့ စတင်ရင်ဆိုင်နေရပြီလို့ ထိုင်းအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး KWAT အဖွဲ့က မမွန်းနေလီက ပြောပါတယ်။

"ဒုက္ခသည်တွေ ရောက်နေတာက ၁၆၀၀၀ ဝန်းကျင်လောက် ရှိနေပြီပေါ့နော်။ သူတို့ကို အခြေခံ စားသောက်ဖို့ပေါ့နော်။ ပြီးလို့ရှိရင် မနာမကျန်း ဖြစ်နေတဲ့ သူတွေလည်း ရှိနေတယ်။ ကလေးတွေကလည်း ဝမ်းလျှောပြီး သေဆုံးတဲ့ သူတွေကလည်း ရှိနေတာပေါ့နော်"

ကချင် စစ်ပြေးဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး KWATအဖွဲ့က မမွန်းနေလီကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org