တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်ကို ရာထူးက ဖယ်ရှား
မြန်မာစစ်အစိုးရ လက်ထက် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) တဦး ဖြစ်ခဲ့သူ ဒု-ဗိုလ်ချုပ်ကြီးဟောင်းခင်ဇော် ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း တနင်္သာရီ တိုင်းဒေသ ဝန်ကြီးချုပ် ဦးခင်ဇော် ဖြစ်လာခဲ့ပြီး အာဏာ အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုတွေနဲ့ ရာထူးက ဖယ်ရှားခံလိုက်ရပြီလို့ သိရပါတယ်။
-
2011-11-26 -
-
-
Your browser doesn’t support HTML5 audio
အရင်က မန္တလေးတိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဝန်ကြီးချုပ် ဦးခင်ဇော်ဟာ ဆန်စပါး အထွက်နည်းတဲ့ တနင်္သာရီတိုင်းကို ဆန်တင်ပို့ခွင့် ပါမစ် ထုတ်ပေးရာမှာ မန္တလေးမြို့ အခြေစိုက် ‘အောင်မြင်သူ’ ကုမ္ပဏီ တခုတည်းကိုသာ နယ်ကျော် တင်သွင်းခွင့် ပေးထားတာကြောင့် မြိတ်၊ ထားဝယ်၊ ကော့သောင် ဒေသက ဆန်ကုန်သည်တွေ ဆန်ဖြန့်ဖြူးရာမှာ အခက်ကြုံရသလို တနင်္သာရီတိုင်း ဒေသခံ ပြည်သူတွေလည်း ဆန်ကို ဈေးကြီးပေး ဝယ်စားနေရတယ်လို့ ဒေသခံ ကုန်သည်တွေက RFA ကို ပြောပါတယ်။
ဒါ့အပြင် ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့ တခြား ကဏ္ဍတွေမှာလည်း အာဏာကို အသုံးပြုပြီး လက်ဝါးကြီးအုပ် လုပ်ကိုင်နေတာကြောင့် ဒါကို မကျေနပ်ကြတဲ့ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်အမတ်တွေက နေပြည်တော်ကို တိုင်ကြားရာက အခုလို ရာထူးက အဖယ်ရှားခံရကြောင်း သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးခင်ဇော်နဲ့ နီးစပ်တဲ့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေကို ဆက်သွယ်မေးမြန်းပြီး ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
စုစည်းတင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |