မီးရှို့ခံထားရတဲ့ ဗလီမှာ ဝတ်ပြုကြရတဲ့ ခင်ဦးမြို့နယ်က ကုရ်ဘာနီအီးဒ်ပွဲတော်

ခင်ဦးမြို့နယ် သရက်ကုန်း ကျေးရွာမှာရှိတဲ့ ဂျာမေ့အ်ဗလီမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အီဒုလ်အဿွဟာ ကုရ်ဘာနီအီးဒ်နေ့ မြင်ကွင်းပါ။

ခင်ဦးမြို့နယ် သရက်ကုန်းရွာ ဂျာမေ့အ်ဗလီမှ ကုရ်ဘာနီအီးဒ်ပွဲတော်အား ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ ကိုလူချော

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ကုန်း ကျေးရွာမှာရှိတဲ့ ဂျာမေ့အ်ဗလီမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အီဒုလ်အဿွဟာ ကုရ်ဘာနီအီးဒ်နေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၉ ရက် ဒီကနေ့မနက်ပိုင်းက အီးဒ်နမာဇ်ဖတ်တဲ့ မြင်ကွင်းတွေကို တွေ့ရတာပါ။

သရက်ကုန်းရွာ ဗလီကို ၂၀၂၂ ခုနှစ် မေလ ၂၉ ရက်နေ့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ချိန် မီးရှို့ဖျက်ဆီးခံရသလို မိုခါမုန်တိုင်းကြောင့်လည်း အမိုးလန်ပျက်စီးတာတွေ ကြုံတွေ့ခဲ့ရလို့ ဖြစ်သလိုပြင်ဆင်ပြီး အပတ်စဉ် ဝတ်ပြုနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်မှာ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် ရွာပေါင်း ၇၆ ရွာက နေအိမ်ပေါင်း ၆၀၀၀ ဝန်းကျင်ထိ မီးရှို့ဖျက်ဆီးခံထားရပြီး အရပ်သားပြည်သူ သုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org