ခန္တီးခရိုင် အချုပ်ကနေ အချုပ်သား ၉ ဦး ထွက်ပြေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ရဲစခန်း အချုပ်ကနေ အချုပ်သား ၉ ယောက် မနေ့ညက ထွက်ပြေးခဲ့ပြီး ၈ ဦးကို ပြန် လည်ဖမ်းမိခဲ့ပေမယ့် တစ်ဦးလွတ်မြောက်နေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မ ရဲစခန်းကို တွေ့ရစဉ် Photo : Aung San Myint

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ရဲစခန်း အချုပ်ကနေ အချုပ်သား ၉ ယောက် မနေ့ညက ထွက်ပြေးခဲ့ပြီး ၈ ဦးကို ပြန်လည်ဖမ်းမိခဲ့ပေမယ့် တစ်ဦးလွတ်မြောက်နေပါတယ်။

ထွက်ပြေးတဲ့အချုပ်သားတွေဟာ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံထားရသူတွေဖြစ်တယ်လို့ ခန္တီးမြို့နယ် ရဲစခန်းက မြို့နယ်မှူး ရဲမှူးကြီးသန်းထွန်း က ပြောပါတယ်။

"ဖြစ်စဉ်ကတော့ ဘေးက ကာရံထားတဲ့ဟာကို ဖောက်ပြီးပြေးတာ၊ ပြေးတဲ့လူတွေ အကုန်ပြန်မိပါတယ်၊ တစ်ယောက်ပဲ ကျန်တော့တယ်၊ ခန္တီးခရိုင်မှာဆို မြို့နယ်ငါးမြို့နယ်ရှိတယ်၊ ခန္တီးတို့၊ ဟုမ္မလင်းတို့ အဲ့ဒီက တရားခံတွေပေါ့၊ ခန္တီးကတော့ နည်းပါတယ်၊ ဟုမ္မလင်းက များတယ်၊ ထွက်ပြေးတဲ့သူတွေက မူးယစ်ဆေးဝါးအမှုတွေပါ" လို့ ပြောတာဖြစ်ပါတယ်။

အချုပ်စခန်း ဖောက်ထွက်ပြေးသူတွေကို ဖမ်းဆီးရာမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ခန္တီးမြို့နယ် ရဲစခန်းက ယာယီစခန်းမှူး ရဲအုပ်ဝေဖြိုးလွင်က ခရိုင်ဆေးရုံကြီးမှာ ဆေးကုသမှုခံနေရပါတယ်။

ခန္တီးခရိုင်အချုပ်စခန်းဟာ  လူဦးရေ ၆ဝ လောက်သာဆန့်ပေမယ့် လက်ရှိ အယောက် ၁ဝဝ ကျော်ကို ထိန်းသိမ်းထားတာကြောင့် နေရာအခက်အခဲတွေရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org