ကယားပြည်နယ်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကယားပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ချရေး ပညာပေးအစီအစဉ် ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို လွိုင်ကော်မြို့နောင်ယား ရပ်ကွက်က ကက်သလစ်ဓမ္မာရုံမှာ မနေ့က ကျင်းပခဲ့ပါတယ်။

ကယားပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ချရေးအတွက် ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို လွိုင်ကော်မြို့နောင်ယား ရပ်ကွက်က ကက်သလစ်ဓမ္မာရုံမှာ သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပနေစဉ် Photo:RFA

ကယားပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ချရေး ပညာပေးအစီအစဉ် ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို လွိုင်ကော်မြို့ နောင်ယား ရပ်ကွက်က ကက်သလစ်ဓမ္မာရုံမှာ မနေ့က ကျင်းပခဲ့ပါတယ်။

အဲ့ဒီအလုပ်ရုံဆွေးနွေးပွဲကို ငြိမ်း - ဖောင်ဒေးရှင်း က ဦးစီးကျင်းပတာဖြစ်ပြီး ပြည်နယ်တွင်း မူးယစ်ဆေးဝါး သုံးစွဲမှု များလာနေတာကို တိုက်ဖျက်နိုင်ဖို့အတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ ကယားပြည်နယ် အစိုးရ တာဝန်ရှိသူတွေ နဲ့ ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရတာဝန်ရှိသူတွေနဲ့ အတူလက်တွဲဆောင်ရွက်နိုင်ရေးဟာ အရေးကြီးကြောင်း ငြိမ်းဖေါင်ဒေးရှင်း ကယားပြည်နယ် တာဝန်ခံဖြစ်သူ ဦးလိရယ် အန်းဂျလို က ပြောပါတယ်။

ဆွေးနွေးပွဲကနေ မူးယစ်ဆေးဝါး ပညာပေးအစီအစဉ် ၊ ပြန်လည်ထူထောင်ရေးစခန်းတွေ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်း ကော်မတီဖွဲ စည်းနိုင်ဖို့ စတဲ့ ရေရှည် လုပ်ငန်းစဉ် ၆ချက်ကို ချမှတ်ခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org