ကချင်နဲ့ မြန်မာ တင်းမာမှု ပိုမိုဆိုးရွားလာနိုင်

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကေအိုင်အို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ အစိုးရတပ်တွေ အကြား တင်းမာမှုဟာ ပိုမို ဆိုးရွားလာနိုင်စရာ ရှိတယ်လို့ ကေအိုင်အိုက ပြောပါတယ်။

လောလောဆယ် အထိ ကေအိုင်အိုရဲ့တောင်းဆိုချက်တွေကို မြန်မာ အစိုးရဘက်က ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ ပျက်ကွက်နေဆဲ ဖြစ်တဲ့ အပြင် ကေအိုင်အို အနေနဲ့ တရုတ် အစိုးရရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုကို မျှော်လင့်နေဆဲ ဖြစ်ကြောင်း၊ တရုတ် အစိုးရ အနေနဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားတွေ အကြား ဖြစ်ပွားတဲ့ ပဋိပက္ခဟာ သူတပါး ပြည်တွင်းရေး ဖြစ်ပေမယ့် သံတမန် နည်းလမ်းတွေနဲ့ မဖြစ်မနေ ဝင်ရောက်ဖြေရမယ့် အခြေအနေမျိုးတွေ ပေါ်ပေါက်လာနိုင်ကြောင်း ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး-၂ ဖြစ်သူ ဦးလနန်းက ပြောပါတယ်။

ဦးလနန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် တင်ပြထား ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org