ကချင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အလွန်နည်းပါးနေ

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက် ပိုင်းက KIA နဲ့အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေထိန်းချုပ်ရာနယ်မြေက စစ်ပြေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအတော့်ကိုနည်းနေ ပြီး၊ ဒေသခံလူမှုရေးအဖွဲ့တွေအနေနဲ့ ဖေဖေါ်ဝါရီလအထိပဲ ကူညီနိုင်မယ့်အခြေအနေမှာ ဖြစ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ကချင်ဒုက္ခသည်တွေ ကို တွေ့ရစဉ် Photo: KIO

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက KIA နဲ့အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ် ရာနယ်မြေက စစ်ပြေးဒုက္ခသည်တွေအတွက် စားနပ် ရိက္ခာအတော့်ကိုနည်းနေပြီး၊ ဒေသခံလူမှုရေးအဖွဲ့တွေ အနေနဲ့ ဖေဖေါ်ဝါရီလအထိပဲ ကူညီနိုင်မယ့်အခြေ အနေမှာ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင်အခုရက်ပိုင်းမှာ ဒုက္ခသည်တွေဟာ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်ခံနေရသလို၊ သူတို့အတွက် အရေးပေါ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေလည်းမရှိ သလောက် နည်းနေတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို ကူညီနေတဲ့ WPN ခေါ် ဝမ်ပေါင်နိန်းတွဲ အဖွဲ့ခေါင်းဆောင် ဒေါ်မေရီတွမ်က RFA ကိုပြော ပါတယ်။

"ကျမတို့ ဒီကူညီတဲ့ ၉ ဖွဲ့ထဲမှာဆိုရင်လည်း အခုချိန် ထိဆိုရင် အခြေခံအစားအသောက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ တောင်ကျမတို့မှာ ဖေဖော်ဝါရီလ အထိပဲ ရှိတယ်ပေါ့နော်၊ ဟိုဘက်ဆိုရင် ကျမတို့ ရေရှည်အဲ့လိုမျိုးမရှိဘူးပေါ့နော်၊ အားလုံးကအချိန်တို အတွက်ပဲ ရှိတဲ့အခါကျတော့ ကျမတို့ ကူညီနေတဲ့သူတွေတော့ တော်တော်စိတ်ပင်ပန်းတာမျိုးရှိတယ် ၊ နောက်အရေးပေါ်ဖြစ်လာဖြစ်လာရင် ကျမတို့ ကူညီဖို့လည်းခက်တယ်၊ နောက်တစ်ချက်က ကျန်းမာရေးနဲ့ပတ်သက်ပြီးမှလည်း ရန်ပုံငွေကအနည်းဆုံးပဲ၊ အဲ့ဒါလည်း အရမ်းအရေးကြီးနေပါတယ်"

လက်နက်ကိုင်တိုင်းရင်းသားတွေ ထိန်းချုပ်ရာဒေသက စစ်ပြေးဒုက္ခသည်စခန်းတွေဆီကို ကုလသမဂ္ဂ နဲ့နိုင်ငံတကာကူညီရေးအဖွဲ့တွေကို အစိုးရကသွားခွင့်မပြုတာ ကြာပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့လည်း ကူညီခွင့်မရဘူးလို့လည်း ကုလသမဂ္ဂက မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းမှာတော့ အရပ်သားပြည်သူတွေဖွဲ့ထားတဲ့ လူမှုကူညီရေးအဖွဲ့ ၉ ဖွဲ့လောက်က ပြည်တွင်း အလှူရှင်တွေနဲ့ ဆက်သွယ်ပြီး ကူညီနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေအတွက် လုံလောက်အောင်နဲ့ ရေရှည်ကူညီနိုင်ဖို့ အတွက် အခက်အခဲတော်တော်များများ ရှိနေတယ်လို့သိရပါတယ်။

ဒုက္ခသည်တွေကိုကူညီနေတဲ့ WPN  ကူညီရေးအဖွဲ့ခေါင်းဆောင် ဒေါ်မေရီတွမ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org