ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ကိုရီးယားက ဒေါ်လာ လေးသန်း ကူညီမည်

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် KOICA က ဒေါ်လာ လေးသန်း ထောက်ပံ့ကူညီသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ သာယာအေး စစ်ဘေးဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဥ်။ Facebook/ JaoPyinnar Sara

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ကိုရီးယား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) က ဒေါ်လာ လေးသန်း ထောက်ပံ့ကူညီသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီဇင်ဘာ ၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။

၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အထိ နှစ်နှစ်ကြာ ထောက်ပံ့ကူညီရေး အစီအစဥ်ကို UNHCR နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ပူးပေါင်း အကောင်အထည်ဖော်သွားမှာဖြစ်ပြီး စစ်ဘေးဒုက္ခသည် ၁၆,၀၀၀ ကို ထောက်ပံ့ကူညီမယ်လို့ ဆိုပါတယ်။

ဒီအစီအစဥ်ကနေ စစ်ဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ရသူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ လူမှုအဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီသွားဖို့ ရည်ရွယ်တယ်လို့ ဖော်ပြပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၂၄ နှစ်စပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကဖြစ်တဲ့ ကချင်တိုက်ပွဲအတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်း သုံးသောင်းကျော် ရှိပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်သိန်းခွဲခန့် ထပ်တိုးလာတာကြောင့် လက်ရှိ ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် သုံးသိန်းခန့် ရှိလာပြီလို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org